" ဘယ်လောက်အဲ့လောက်အိပ်နေတာလဲ "
" မင်းရှိနေလို့လေ "
သူမ မျက်ခုံးပင့်လိုက်ပြီးလှဲနေရာကနေထထိုင်ဖို့ပြင်နေတဲ့ သူ့ ကိုထူပေးလိုက်တယ်။" ဘာဆိုင်လဲ "
" ဘယ်နနာရီထိုးပြီးလဲ "
သူမ မေးတာကိုပြန်မဖြေပဲ။ဒီ...။" လေးနာရီထိုးပြီ ”
" အာ့...နောက်ကျနေပြီပဲ "
သူ ခေါင်းလေးကိုကိုင်ကာညီးရင်းပြောလိုက်တာကြောင့် သူမ စိတ်ပူသွားတာတော့အမှန်ပင်။" ရရဲ့လား "
သူမ သူ့ ခေါင်းလေးကိုကိုင်ကာသူမဂရုဏာသက်စွာမေးလိုက်တယ်။အခုကျတော့လည်း ကလေးလေး လိုပဲ သူက။
“ ရတယ်။ရတယ်။ ကိုယ့် ကိုပြန်လိုက်ပို့ပေးလို့ရမလား။ Omma စိတ်ပူနေလောက်ပြီ ”
အော်။သူ့ Omma ကိုသတိရသေးသားပဲ။
“ ဟုတ်ပါပြီ။ကျမ ပြန်လိုက်ပို့ပါ့မယ်။ ဒါနဲ့ ရှင့် ဆိုင်ကယ်ကရပြီတဲ့ ”
သူမ ကုတင်နားကနေစားပွဲပေါ်က handbag နဲ့ကားသော့ကိုယူကာပြောလိုက်တယ်။သူ ကတော့ကုတင်ပေါ်မှာထိုင်နေရင်း သူမ လှုပ်ရှုားမှုတိုင်းကိုလိုက်ကြည့်နေတယ်။
“ ရပါတယ်။ဆိုင်ကယ်ကိစ္စကနောက်မှပြောတာပေါ့ ”
“ ရပြီဆို။ရှင့် အိမ်ကိုလာပို့ခိုင်းလိုက်ရမလား ”
“ ရပါတယ်။လာပါ ကိုယ့် ကိုတွဲပါအုံး။နည်းနည်းမူးနေသလိုဖြစ်နေလို့ ”
သူ အိတ်ကိုလွယ်လိုက်ကာ သူ့ အနားကိုသွားပြီးတွဲလိုက်တယ်။
“ somi ပိတ်လိုက်တော့နော်။တံခါးတွေသေချာစစ်အုံး ”
“ Nae unnie ”
သူ ကတော့နားထင်လေးကိုကိုင်လျှက်သား သူမ ကိုတွဲထားတယ်။ သူ့ ကိုကားနားထိခေါ်လာပြီးကားပေါ်တင်ပေးလိုက်တယ်။
“ ရှင့် အိမ်ကဘယ်နားမှာလဲ ban ”
သူမ ကားမောင်းနေရင်းခုံလေးကိုမှီပြီမျက်လုံးမှိတ်ထားတဲ့ သူ့ ကိုမေးလိုက်တယ်။အိပ်ရေးမဝသေးတာများလား။
“ .....အဲ့နားမှာ ”
“ အော် ဟုတ်ပြီ။ ခေါင်းမူးနေလို့လား ရှင် ”
