“ ရှင် မနက်ဖြန်ဆိုင်ကယ်လာယူမှာလားလာမယူဘူးလား lalisa ” 💬
ညရောက်တော့ Lisa ကုတင်ပေါ်တက်ပြီးဘောင်းဘီအိတ်ကပ်ထဲဖုန်းထုတ်ကာ ဂိမ်းဆော့နေတုန်း Instagram က message ဝင်လာလို့ကြည့်လိုက်တော့ jennierubyjane acc ဘယ်သူပါလိမ့်ကြည့်လိုက်တော့ အော် ဟို doctor မလေးပဲ။သူဂိမ်းထဲကချက်ချင်းထွက်ကာ စာပြန်လိုက်တယ်။
“ အင်း ကိုယ် မအားဘူး ”💬
သူစာပို့ပြီး 5 မိနစ်ကြာသည်ထိစာမပြန်။မအားလို့များလား။ဟေး။ဟေး။မြန်မြန်ပြန်ပြောပါဂိမ်းဆော့ချင်နေပြီ။ဟော။သူမကသူပြောတာကိုကြားရသည့်အလားချက်ချင်းစာပြန်ပို့လာတယ်။
“ ဘာလို့မအားတာလဲ ”💬
“ ကျောင်းပိတ်တယ်လေ။ဂိမ်းဆော့မလို့ ”💬
“ ဘာ!!! ”💬
သူရယ်လိုက်တယ်။အဟား။စလို့ကောင်းလိုက်တာ။ doctor မမ တို့စိတ်မရှည်ချက်ကတော့။
“ အင်းလေ။ကိုယ် ကကျောင်းပိတ်ရင်ဒီလိုပဲဆော့နေကြ ”💬
တွေ့လား။ seen ပြပြီးစာမပြန် ပြန်ဘူး။သူနောက်တစ်ကြောင်းထပ်ပို့လိုက်တယ်။
“ ဖုန်းနံပါတ်ပေးအုံးလေ ကိုယ့် ကို ”💬
“ အွန်းး 010.... ”
အဟေးး။ပေးတယ်။
“ အဟင်းး။စိတ်ချပါ။ ကိုယ် မနှောက်ယှက်ပါဘူး ”
-----
“ ဟယ်လို။ ကိုယ် ဆေးခန်းရှေ့ရောက်နေပြီနော်မလာသေးဘူးလား ”
နောက်တစ်နေ့မနက်ရောက်တော့ Ruby ကဆိုင်ကယ်အတင်းလာယူပါပြောနေလို့ Lisa သွားယူရတယ်။မဟုတ်ရင်မခင်တော့ဘူးတဲ့။ဘယ်လိုတွေတောင်ခြိမ်းခြောက်တာတုန်း။အဟင်းးခင်ချင်တော့လည်း ကိုယ် ကလာယူရတော့တာပေါ့။ကိစ္စမရှိပါဘူးလေ ဖုန်းနံပါတ်ရပြီပဲ။ဟင်းဟင်း။
“ ဘာ။မနက်အစောကြီးရှိသေးတယ်။ရှင်ရူးနေတာ ”
Ruby အော်သံကြောင့် Lisa နား.. နားကပ်ထားတဲ့ဖုန်းကိုခွာလိုက်တယ်။အမလေးကျယ်လိုက်တဲ့အသံ။အိပ်ချင်မူးတူးနဲ့ပြောနေတာအိပ်ယာမထသေးတာတော့မဟုတ်ဘူးမလား။
