“ မောင်...မောင် ထတော့ ”
ဂျန် မောင့် ရင်ခွင်ထဲမှာညတည်းကနှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေခဲ့သည်။မနက်ရောက်တော့သူမဖြတ်ခနဲလန့်နိုးလာတော့နာရီကိုကြည့်လိုက်တော့ 5 နာရီ။မောင့် ကိုနှိုးရမည် မေမေ တို့နိုးလာရင်ဒုက္ခ။
သူ ကတော့ခေါ်နေလဲမရ။အိပ်နေမှမပြောချင်ဘူး။
“ မောင် ထတော့လို့။နောက်ကျနေရင် မေမေ တို့နိုးလာလိမ့်မယ် ”
“ အင်းးးးး ”
“ အင်း မနေနဲ့ထတော့လို့။ညတည်းကကျမပြန်ပဲ။ခုကျအိပ်ရေးပျက်ပြီမလား ”
“ အာ! မောင့် အချစ်လေးကလည်းကွာပွစိပွစိနဲ့အဖွားကြီးလေးကျနေတာပဲ ”
Lisa ထထိုင်ပြီးပြောလိုက်တယ်။ Jen ကတော့နှုတ်ခမ်းလေးကိုဆူလို့။
“ သွား။မြန်မြန် ဂရုစိုက်ပြီးပြန်အုံး ”
“ မောင် ကဘယ်နားကထွက်ရမှာလဲ ”
“ ရှင် လာတုန်းကနေရာကနေထွက်ပေါ့ ”
Lisa Jen မျက်နှာနားကပ်သွားကာ။
“ ဒါဆို morning kiss ပေး ”
Lisa ပြောလိုက်တော့ Jen တစ်ခုခုကိုသတိရသွားကာသူ့မျက်နှာသူလက်နဲ့အုပ်လိုက်တယ်။
“ အားး!! သွား သွား မနက်စောစောစီးစီးသူများမလှတဲ့မျက်နှာကိုမြင်သွားပြီ ”
Lisa ကိုအတင်းတွန်းလွှတ်နေတာကြောင့် Lisa မှာကြောင်တောင်တောင်လေး။သူ့မယ်ပြတင်းပေါက်ကနေပဲမြန်မြန်ပဲပြန်ဆင်းသွားရတော့မလိုလို။
“ အာ အချစ် ကလည်းလှပါတယ်။လက်လေးဖယ်ပါအုံးမျက်နှာလေးကိုကြည့်ချင်လို့ ”
Lisa Jen လက်လေးတွေကိုဖယ်လိုက်ကာ Jen မျက်နှာလေးကိုကြည့်လိုက်တယ်။
အိပ်ယာထထချင်းဘာမှလိမ်းချယ်ထားခြင်းမရှိတဲ့မျက်နှာလေးကစွဲမက်ဖွယ်ရာအတိ။“ မောင့် မိန်းကလေး ကအိပ်ယာထထချင်းလည်းလှတယ်။လူနာတွေကိုကြည့်ပေးနေတဲ့အချိန်ဆိုလည်းလှတယ်။မောင် နဲ့အတူရှိနေတဲ့အချိန်ဆိုလည်းလှတယ်။ဘယ်ချိန်ဖြစ်ဖြစ်လှတယ် ”
