“ ဒါကဘယ်လိုဖြစ်တာလဲ ”
Jen အသံကိုမနည်းထိန်းလိုက်ရတယ်။အသားတွေတဆက်ဆက်တုန်ပြီး မျက်ရည်ကြည်လေးတွေလဲဝဲလာတယ်။ lalisa ရန်ဖြစ်လာသည်ထင်။သူ့ဘေးမှာ park Chaeyoung ။
“ unnie ဟို......ဟို.... ”
“ ရန်ဖြစ်လာတာ ”
Chaeyoung ဖြေလို့မပြီးခင်မှာပဲ Lisa ဖြေလိုက်တာကြောင့် Jennie Lisa ကိုအကြည့်စူးစူးဖြင့်စိုက်ကြည့်လိုက်တယ်။ဘေးက Chaeyoung ကတော့တံတွေးမြိုချလို့ lalisa ကတော့ခပ်တည်တည်ပင်။အီး unnie ကြည့်နေတာကြီးကကြောက်စရာကြီး။
“ ဘာပြောတယ်!!! ”
Jen အော်လိုက်တာကြောင့် Lisa ခန္ဓာကိုယ်လေးတုန်တက်သွားတယ်။ Chaeyoung ကတော့တွဲထားတဲ့ Lisa ကိုဒီနေရာမှာတင်ပစ်ချပြီးထွက်ပြေးချင်နေပြီ။
“ အာ...အေးအေးဆေးဆေးဖြေရှင်းကြပါတယ် young သူ့ကိုယ်ကြီးကိုတွဲထားရတာအရမ်းလေးနေပြီ ”
“ အင်း ထိုင်ခိုင်းလိုက်လေ ”
Jen ခပ်တည်တည်ပြောပြီး Lisa မျက်နှာကိုဆေးထည့်ပေးဖို့လုပ်နေတယ်။ဒီမှာတော့ သူ မလာလို့စိတ်ပူလိုက်ရတာဒင်းကရန်ဖြစ်လာသေးတာ lalisa သိပ်ဆိုးတာပဲ။
“ အာ့ ..ဖြည်းဖြည်းလုပ်ပါ ”
“ ခုမှနာမနေနဲ့ ”
လက်ကဒဏ်ရာပါဆေးထည့်ပေးရင်း Jen ပြောလိုက်တယ်။ Lisa အံကိုကြိတ်ထားကာအသံပင်မထွက်ရဲတော့။ဟုတ်သည်လေအသံထွက်ရင်ပိုဆိုးမှာ Kim Jennie Ruby Jane ကကြောက်ရတယ်။
Chaeyoung ကတော့ somi တို့ကိုတိုးတိုးနဲ့ဘာတွေပြောနေတယ်မသိ။သေချာတယ် Lisa အတင်းပြောနေတာပဲနေမှာ။
“ နောက်ခါရန်ဖြစ်ရင် တို့ ဆီမလာနဲ့။ကြားလား ”
Lalisa ပြန်မဖြေပါ။စကားပါမပြောတတ်တော့တာလား။ Jen မော့ကြည့်လိုက်တော့ဘယ်ဟုတ်မတုန်း လူကိုကြည့်နေတာများအကောင်လိုက်မြိုချတော့မလိုပဲ ဟွန့်။
“ ဘာကြည့်နေတာလဲ ”
“ လှလို့လေ ”
Jen သူ့ကိုမျက်စောင်းသာထိုးနေလိုက်တော့တယ်။
“ တကယ်တော့လေ အချစ်။ ကိုယ် ဒီဒဏ်ရာတွေကသင်တန်းမှာပြိုင်တာရှုံးလာတာ။
တိုက်ကွမ်ဒိုသင်တန်းတက်နေတာ ”