part_14

4.5K 289 34
                                    

သူတို့ချစ်သူဖြစ်တာသုံးလပြည့်တဲ့နေ့ Lisa Jen ဆီသွားတဲ့လမ်းမှာပန်းစည်းလေးဝင်ဝယ်ပြီးကြိုတင်မှာထားတဲ့ဆွဲကြိုးလေးဝင်ယူကာမျက်နှာထက်မှာအပြုံးတွေနဲ့အချစ်ရှိတဲ့‌နေရာကိုအမြန်ရောက်အောင်သွားလိုက်တယ်။
ဒီတလော Mino ဆိုတဲ့ကောင်ကခနခနရောက်ရောက်လာပေမယ့် သူ ရှိနေတာကြောင့်စိတ်မပူရ။
သူမစိတ်ဆိုးအောင် li ကစလိုက်ပြီးရင်သူမစိတ်ဆိုးရင်သူကချော့လိုက်နဲ့ကြည်နူးစရာအပြည့်။ဒီလိုကြည်နူးနေတဲ့အချိန်ဆိုဟိုခွေးကောင်ကရောက်ရောက်လာပြီ။တကယ့်အဖျက်ကောင်။

သူ သူမ ဆေးခန်းရှေ့ရောက်တော့ကားလေးကိုလွတ်တဲ့နေရာမှာသေချာရပ်လိုက်ကာ ကားပေါ်ကဆင်းလိုက်တယ်။အင်း ဆိုင်ကယ်လေးတောင်ချောင်ထဲထိုးထားရတာကြာပြီ။ပြန်ထုတ်ပြီးစီးအုံးမှပါ။

“ unnie somi doctor ရော ”
ကောင်တာမှာထိုင်နေတဲ့ somi ကိုမေးလိုက်တော့....။

“ ထုံစံတိုင်းပေါ့ရှင်။အထဲမှာရှိပါ့။အမယ်ပန်းစည်းတွေဘာတွေနဲ့ထူးထူးဆန်းဆန်း ”

Somi အပြောကြောင့် သူ ပန်းစည်းလေးကိုငုံ့ကြည့်ပြီးသဘောကျစွာပြုံးလိုက်တယ်။

“ အဟဲ။ဒီလိုပါပဲ။ဒါဆိုသွားလိုက်ပါအုံးမယ် ”

သူပန်းစည်းလေးကိုနောက်ကျောဘက်မှာ
ဖွက်လိုက်ကာသူမရှိရာဆီသွားလိုက်တယ်။တံခါးဖွင့်ပြီးအထဲကိုဝင်လိုက်တော့စားပွဲမှာထိုင်ပြီးဘာတွေကြည့်နေမှန်းမသိတဲ့သူမဆီလျှောက်သွားလိုက်တယ်။သူလာတာတောင်ခုထိမသိသေးဘူး။

“ အဟင်း။အဟင်း ”
ချောင်းဟန့်လိုက်တော့မျက်လုံးဝိုင်းဝိုင်းလေးတွေနဲ့မော့ကြည့်လာတဲ့သူမ။အားးချစ်လိုက်တာဒီချစ်မဝလေးကို။

“ ဘာ အဟင်း အဟင်း လဲ ဟွန်းနော် ”

“ ဘာတွေလုပ်နေတာလဲ ”

“ စာဖတ်နေတာမြင်ရဲ့သားနဲ့ ”
သူမ ကသူ့ကိုမျက်စောင်းလေးထိုးလိုက်တယ်။

“ ကဲ။မောင့် ကိုကြည့်ပါအုံး ”

“ ပြောကွယ်။ရောက်ရင်အနမ်းချက်ချင်းပေးရမယ်ဆိုတာမသိတာလား။စကားများလိုက်တာရှင် ”

Mg's Ruby Where stories live. Discover now