“ မနက်ဖြန်စာမေးပွဲကိုသေချာဖြေနော် မောင် final နော်မပေါ့နဲ့။ပြီးရင် မ နဲ့တူတူနေဖို့ကြိုးစား ”
နေ့လည်စာစားပြီးတော့ သူ့ ရင်ခွင်ထဲနေကာရာဇသံပေးနေတဲ့ သူမလေး ကလူကြီးပေါက်လေးအလား။
သူ ဖျစ်ညစ်ပြီဖက်လိုက်တော့ နှုတ်ခမ်းလေးဆူလာတယ်။“ ကြားရဲ့လားလို့ ”
သူဘာမှပြန်မဖြေတော့ သူမလေး ကစိတ်မရှည်တော့ဘူးထင်ပါရဲ့။“ ကြားပါတယ် မောင့် အသက်ကလေး ရဲ့ ”
“ ဘာ အသက်ကလေး လဲမပြောလိုက်ချင်ဘူးနော် ”
“ ဘာလို့လဲ မောင် ဘာလုပ်လို့လဲ ”
“ ကိုယ့်ဟာကိုသိ မပြောချင်ဘူးဆိုမပြောချင်ဘူးပဲ။ဖက်ထားတာလွတ်အုံးအရမ်းပူလာပြီ ”
ဂျဲန်း ပြောတော့ မောင် ကလွတ်ပေးရှာတယ်။ဂျဲန်း စကားဆိုအမြဲနားထောင်တယ်။တစ်ခါတစ်လေသာဆို ဆိုးတာ။
“ ဘာစားချင်လဲ မ ဘာလုပ်ပေးရမလဲ မောင် ”
“ ရပါတယ် မ ရဲ့။ မောင် ဘာမှမစားချင်ပါဘူး။စားချင်တာက ”
ပြောပြီး Lisa အကြည့်တွေက Jen ပေါက်စီလေးတွေဆီမျက်လုံးရောက်သွားတယ်။ဒါကို Jen ကသတိထားမိပြီးအံကြိတ်ကာ Lisa နောက်ကျောကိုထုထည့်လိုက်တယ်။
“ အားး!!! နာတယ်ဗျ။ဘာလို့ရိုက်တာတုန်း ”
“ ရှင့် အကြည့်တွေကဘယ်ရောက်လာတာလဲ။ ”
“ ဟမ် ဘယ်မှမရောက်သေးပါဘူး ”
“ လာလိမ်မနေနဲ့။နှာဘူး ”
ပြောပြီးထထွက်သွားတဲ့ Jen ကိုကြည့်ကာ Lisa မှာကြောင်တောင်တောင်လေး။“ ဘာဖြစ်သွားတာလဲ။ဂါဝန်လေးနဲ့လှလို့ကြည့်မိတာကို ” >.<
----
“ နှာဘူး ဒီကအကောင်းနဲ့မေးတာကိုအဲ့မျက်လုံးကြီးကဘယ်ကိုလာကြည့်နေတယ်မသိဘူး။တူတူနေရမှာတောင် ကြောက်လာပြီ ”
ရေခဲ့သေတ္တာထဲကရေဘူးကိုယူကာ Jen ပွစိပွစိပြောနေတယ်။
“ မ ရေဘယ်ကိုရောက်သွားတာလဲ ”
Lisa ထိုင်နေရင်းမှ Jen ထွက်သွားတာကြာနေတာကြောင့်အော်နေခြင်းပင်။ Jen ကတော့ကြားပေမယ့်မထူး။စိတ်ကောက်တယ်တကယ်ပဲ။