“ ပြန်လိုက်ပါတော့ Mino ရယ်။မဟုတ်ရင်ငါ့ကောင်ဇိုးလေးကြောင့်နင်ဒီနေရာမှာတင်အသက်ပျောက်သွားလိမ့်မယ် ”
နေ့လည်စာစားချိန်ကျထုံစံတိုင်း Lisa ကဘယ်နေရာပဲရောက်နေရောက်နေ Jen ဆီအပြေးလာခဲ့တယ်။
အခုလည်းနှစ်ယောက်သားနေ့လည်စာစားနေတုန်း Mino တစ်ယောက်ပန်းစည်းကြီးတစ်ခုကိုင်ကာရောက်လာတယ်။ဒါကိုပင် Lisa ကသဘောမကျမျက်ခုံးနှစ်ဖက်တွန့်ချိုးလို့။စကားပြောရင်းပြောရင်းလွန်လာတာကြောင့် Lisa မနေနိုင်တဲ့အဆုံး Mino မျက်နှာကိုလက်သီးနဲ့ထထိုးလိုက်တော့တယ်။ဒါကိုပင် Jen က Lisa လက်မောင်းလေးကိုသူမလက်နှစ်ဖက်လေးနဲ့ဖွဖွလေးဆုပ်ကိုင်ကာစိတ်လျှော့ဖို့ပြောနေတယ်။သူမ ကိုယ်တိုင်လည်း Mino အပြုအမူအပြောအဆိုတွေကိုမကြိုက်ပေ။
“ Jen ဘယ်လိုပြောလိုက်တာလဲ မင်းက ကိုယ့် ဘက်ကတောင်ကာကွယ်ပေးရမှာလေ ဘာလို့အဲ့ကောင်မလေးဘက်ကလိုက်ကာကွယ်ပေးနေရတာလဲ ”
Mino မျက်နှာမှာနီရဲပြီးဒေါသထွက်ထွက်နဲ့ Jen ကိုမအော်ရုံတမယ်ပြောလိုက်တယ်။
“ အို။ကျမ ချစ်သူ ဘက်ကပဲကာကွယ်ပေးမှာပေါ့။ရှင့်ကိုကာကွယ်ပေးစရာလား။ပြီးတော့ရှင်ပြောနေတဲ့စကားတွေကိုလည်းကြည့်အုံးလေ ”
ချစ်သူ လို့ပြောလိုက်တာကြောင့် Mino မျက်နှာမှာအံ့ဩခြင်းတွေအပြည့်။
ဒါ....ဒါကြီးကမဖြစ်နိုင်တာ။
“ ဟားဟား ”
“ ကိုယ့် ကိုလိမ်နေတာမလား Jen ”တဟားဟားအော်ရယ်ပြီးပြောနေတဲ့ Mino ကအရူးတစ်ယောက်လိုပင်။ Lisa နဲ့ Jen ကတော့ဒီတိုင်းသာကြည့်နေလိုက်တော့တယ်။
“ ခင်ဗျား ပြန်လိုက်ရင်ကောင်းမယ်။ အချစ် နဲ့ခနလေးကြည်နူးရတဲ့အချိန်မှာအနှောက်အယှက်တွေမရှိစေချင်ဘူး ”
Lisa Jen မျက်နှာလေးကိုငုံ့ကြည့်ပြီးပြောလိုက်တယ်။ပြီးတော့ Mino ကိုပြန်ကြည့်ကာ
“ ဒီကလူနားလည်မယ်ထင်ပါတယ် ”
“ မပြန်ဘူး။ဘာလို့ပြန်ရမှာလဲ ငါက Jen ဆီလာတာလေမင်းဆီလာတာမှမဟုတ်ပဲ ”
