အပိုင်း(၃)

3K 219 7
                                    

🎶အမှတ်တမဲ့ကြည့်လိုက်ရုံနဲ့ပဲ ဒီရင်မှာစွဲသွားပြီ....
ရင်ခုန်မိတာ ကိုယ့်အကြောင်းကိုယ်သာသိ....
နှလုံးသားစိတ်ရဲ့အလိုဆန္ဒ.....
သူမမြင်အောင်ထိန်းထားလဲ....သူသိသွားပြီ ဘယ်လိုများသူလေသိ.....

ကိုယ်အနေအထိုင်တွေပဲမတတ်လို့လား...ကိုယ်ခိုးခိုးပြီးတော့ကြည့်တာပါ....ဒါသူမြင်တယ်ဆို ရင်မှာပုဏ္ဏားတွေရှိမလား......ကိုယ်လွန်ဆန်ချင်လည်းမရတော့ဘူး....အရှုံးပေးရဖို့ခက်နေလည်း...ကိုယ်ဝန်ခံပါတယ်ကွယ် တကယ်ပဲကိုယ်ချစ်သွားပြီ...🎶

သီချင်းလေးတအေးအေးဖြင့် ချစ်သောမောင် တစ်ယောက် အင်္ကျီအဝတ်အစားဝတ်နေပါသည်။အဖြူပေါ်မှာ နက်ပြာရောင်ဒေါင်လိုက်အစင်းတွေပါသည့် ရှပ်လက်ရှည်ကို ဂျင်းအပျော့သားဘောင်းဘီအပြာနုလေးနှင့်တွဲပြီးဝတ်လိုက်သည်။အဝတ်အစားတွေက မောင့်ရဲ့ကိုယ်ပေါ်မှာ သပ်သပ်ရပ်ရပ်ဖြင့် တင့်တယ်ကြည့်ကောင်းနေသည်။

အနက်ရောင်ဆံပင်တွေကို ဂျယ်ဖြင့်သေချာလှန်တင်ကာပုံသွင်းလိုက်ပြီး နဖူးပေါ်တစ်စွန်းတစ်စသာချထားလိုက်သည်။လက်ကောက်ဝတ်နားကို ရေမွှေးအနည်းငယ်ဆွတ်လိုက်ပြီး ထိုလက်ကောက်ဝတ်နဲ့ပဲ လည်ပင်းသားတွေကိုပွတ်လိုက်တော့ သင်းသင်းလေးနှင့်မွှေးပျံ့နေတဲ့ရနံ့လေးက မောင့်ရဲ့တစ်ကိုယ်လုံးကိုလွှမ်းခြုံသွားခဲ့ပါသည်။

နောက်ဆုံးပိတ်အနေဖြင့် လွယ်အိတ်ထဲမှာစာအုပ်စုံမစုံကြည့်နေတုန်းမှာပင်

"သားချစ်ရေ မနက်စာစားမယ်ဟေ့"

"လာပြီ လေးလေးရေ"

လေးလေးရဲ့ခေါ်သံက အောက်ထပ်ကနေပျံ့လွင့်လာတာမို့ လုပ်လက်စတွေကိုမြန်မြန်အပြီးသတ်လိုက်ပြီး အောက်ထပ်ကိုပြေးဆင်းရတော့သည်။

ထမင်းစားခန်းထဲရောက်တော့ မနက်စာက စားပွဲဝိုင်းမှာအဆင်သင့်ဖြစ်နေလေပြီ။

"လာထိုင် ပေါင်မုန့်ကြက်ဥကြော်နဲ့ကော်ဖီ၊ စားမယ်မလား"

"ဟုတ် စားမှာ"

ထိုင်ခုံမှာဝင်ထိုင်လိုက်ရင်း လေးလေးပြင်ဆင်ပေးတဲ့မနက်စာကိုမြန်မြန်သွက်သွက်စားလိုက်သည်။

မောင့်မျက်ဝန်းပြာ (COMPLETED) မောင့်မျက်ဝန်းပြာWhere stories live. Discover now