အပိုင်း(၂၈)

1.8K 135 9
                                    

စားပွဲဝိုင်းတစ်ခုမှာ လူခြောက်ယောက်ဝိုင်းဖွဲ့၍ထိုင်နေကြသည်။တိတ်ဆိတ်နေတဲ့စကားဝိုင်းက အကြောင်းပြချက်မယ်မယ်ရရမရှိပါဘဲ တစ်ယောက်မျက်နှာတစ်ယောက်ပတ်ကြည့်နေကြပါသည်။

တိတ်ဆိတ်မှုကိုဖြိုခွဲဖို့ မောင်ကပဲချောင်းတစ်ချက်ဟန့်လိုက်ပြီး

"အဟမ်း! တွေ့ရတာဝမ်းသာပါတယ် လေးသုံး၊ ကျွန်တော့်နာမည် ချစ်သောမောင် ပါဗျ"

မောင်နှုတ်ဆက်လိုက်တော့ လေးသုံးရဲ့အကြည့်တွေက မောင့်ဆီရောက်လာပြီး ခေါင်းတစ်ချက်ညိမ့်ပြသည်။

"အင်း၊ ဘေဘီ့ရဲ့ချစ်သူဆိုတာလား"

"ဟုတ်ပါတယ်ဗျ၊ ကျွန်တော်ပါ"

"ကိုယ့်ဘေဘီကို သေချာဂရုစိုက်ပေးပါဦး"

"ဟုတ်ကဲ့ စိတ်ချပါဗျ၊ ဟို...ဒါနဲ့ လေးသုံးနဲ့ကျွန်တော့်လေးလေးနဲ့ကအရမ်းရင်းနှီးကြတဲ့ပုံပဲနော်"

မျက်ဝန်းပြာလေးလည်း သိချင်နေလောက်မယ်ဖြစ်တဲ့ ကိစ္စတစ်ခုကို မောင်မေးကြည့်လိုက်သည်။

"ဟုတ်တယ် သားချစ်၊ လေးလေးနဲ့အစ်ကိုခေါင်ချုပ်နဲ့က မိတ်ဆွေတွေ"

သားချစ်ရဲ့ အမေးကို မိုးည ကမန်းကတမ်းဝင်ဖြေပေးလိုက်ရသည်။ဒါနဲ့ မိုးညက အခု ဘာလို့ ရည်းစားကိုမိဘတွေနဲ့ပေးတွေ့ပေးနေသလို ခံစားချက်မျိုးခံစားနေရတာလဲ!

"လေးသုံးကအမြဲဒီကိုလာဖြစ်တာလား"

ဘေဘီကမေးလာတာမို့ ခေါင်ချုပ် ခေါင်းညိမ့်ပြလိုက်ရင်း

"အင်း၊ ဘေဘီကရော"

"မလာဖြစ်ဘူး"

"ဪ အဲ့ဒါကြောင့်မတွေ့တာနေမယ်"

"ဘာလို့အမြဲလာတာလဲ"

ဘေဘီကရုပ်တည်လေးဖြင့်ထပ်မေးလာတော့ ခေါင်ချုပ် ဖြေဖို့ပြင်လိုက်ပေမယ့် မိုးည ကဦးစွာပင်

"အာ အစ်ကိုက ညစာကို လေးငါးဆီကနေ အမြဲတမ်းဝယ်စားနေတာလေ သားညှို့ရဲ့"

မိုးည ရဲ့စကားကြောင့် မျက်ဝန်းပြာလေးအပါအဝင်မောင်ပါအံ့ဩသွားရသည်။

"အို့ လေးသုံး၊ ဒေါ်ကြီးက ညစာမချက်ဘူးလားဗျ၊ ဒါဆို ဖွားဖွားကရောဘာနဲ့စားလဲ"

မောင့်မျက်ဝန်းပြာ (COMPLETED) မောင့်မျက်ဝန်းပြာWhere stories live. Discover now