အပိုင်း(၁၉)

700 11 0
                                    

"မင်းတို့ကိုမိတ်ဆက်ပေးရဦးမယ်၊ ဒါကငါ့ချစ်သူ၊ နာမည်က ညှို့မျက်ဝန်း တဲ့၊ ချစ်သူဖြစ်တာသိပ်တော့မကြာသေးဘူး ဒါပေမယ့် ငါတို့နှစ်ယောက်က တစ်ယောက်ကိုတစ်ယောက်အရမ်းချစ်ကြတာ၊ relationship သက်တမ်းငါးနှစ်လောက်ရှိတဲ့လူတွေလောက်တော့သနားတယ်၊ ဟင်းဟင်း"

".................."

မျက်ဝန်းပြာလေးရဲ့ပုခုံးကိုဖက်ပြီး အပီအပြင်တွေကြွားလုံးထုတ်နေတဲ့ မောင့်ကိုဂျိုကြည့်ကြည့်နေကြတာကတော့ ကုဋေစိုးနှင့်သူရနိုင် တို့ဖြစ်သည်။သူတို့နှစ်ယောက် သူတို့ဘာသာသူတို့ ကန်တင်းမှာမနက်စာအေးဆေးစားနေတာကို ဘယ်လိုတွေ့ပြီးရောက်လာမှန်းမသိတဲ့ ချစ်သောမောင် က ညှို့မျက်ဝန်း ရဲ့ပုခုံးကိုဖက်ကာ သူတို့ရှေ့မှာလာထိုင်ပြီး မချိုမချဉ်မျက်နှာထားဖြင့် လာကြွားနေတာဖြစ်သည်။

"မိတ်ဆက်ပေးစရာမလိုဘူးလေ၊ ငါတို့အရင်ကတည်းကသိကြတယ်လေ"

ပြန်ဖြေရှင်းနေတဲ့ သူရနိုင် ရဲ့စကားကို မောင်ကပြုံးပြုံးကြီးဖြင့်ခေါင်းခါပြီး

"အရင်တုန်းက ငါ့မိတ်ဆွေအနေနဲ့မိတ်ဆက်ပေးတာလေ၊ အခုကငါ့ချစ်သူအနေနဲ့မိတ်ဆက်တာ၊ မတူဘူး၊ အစကနေပြန်သိကြ"

မောင့်စကားအဆုံးမှာတော့ အရှေ့ကသူငယ်ချင်းနှစ်ယောက်က စိတ်လေတဲ့ပုံစံဖြင့် မျက်လုံးတွေကိုအပေါ်ပင့်လိုက်ကြတော့သည်။ရယ်ချင်နေတဲ့စိတ်ကိုမောင်မနည်းထိန်းထားရသည်။မောင် သပ်သပ်မဲ့ဒီနှစ်ကောင်ကိုလာစနေတာဖြစ်သည်။သူငယ်ချင်းလေးတွေ လောင်ကြပါစေဆိုတဲ့ရည်ရွယ်ချက်ဖြင့်။ဟား ဟား!

"တော်တော့ စမနေနဲ့"

"ဟီး ပျော်ဖို့ကောင်းလို့ပါ ကိုကိုရ"

မျက်ဝန်းပြာလေးကတားလာတာမို့ မောင်ဆက်မစတော့ဖို့ဆုံးဖြတ်လိုက်သည်။

ကုဋေစိုးနှင့်သူရနိုင် မှာတော့ သူတို့ကိုပျော်စရာလာလုပ်နေတဲ့ ချစ်သောမောင် ကို သူ့ရဲ့မျက်ဝန်းပြာလေး မရှိတဲ့အချိန် ပညာကောင်းကောင်းပေးရန် စိတ်ထဲကကြုံးဝါးနေကြတော့သည်။

"ငါကနည်းနည်း၊ မဟုတ်ဘူး တော်တော်လေး ပေါင်းသင်းဆက်ဆံရေးမကောင်းလို့ မင်းတို့ငါ့အပြုအမူတွေကိုစိတ်ထဲအရမ်းမထားဖို့ပြောချင်တယ်"

မောင့်မျက်ဝန်းပြာ (COMPLETED) မောင့်မျက်ဝန်းပြာOù les histoires vivent. Découvrez maintenant