အပိုင်း(၉)

2.3K 183 1
                                    

တဖြုတ်ဖြုတ်ကြွေနေတဲ့သစ်ရွက်တွေရယ်၊ ညင်သာစွာတိုက်ခတ်နေတဲ့လေပြည်လေညှင်းရယ်၊ လှိုင်းကြပ်ခွပ်တွေမရှိပါဘဲ မျက်နှာပြင်ညီနေတဲ့ရေပြင်ကျယ်ရယ်၊ သစ်ပင်ကြီးအောက်ကခုံတန်းရှည်ပေါ်မှာ ငြိမ်သက်စွာထိုင်နေတဲ့ကောင်လေးတစ်ယောက်ရယ်။ထိုအရာတွေကိုသာ ဆေးစက်ချလိုက်မည်ဆိုလျှင် လက်ရာပြောင်မြောက်တဲ့ပန်းချီကားတစ်ချက်ရလာမှာအမှန်ပင်ဖြစ်သည်။

မျက်ဝန်းတွေ...စူးရှကာညှို့အားပြင်းနေကျဖြစ်တဲ့မျက်ဝန်းတစ်စုံဟာ အခုအခါမှာတော့ညှိုးငယ်စွာအရောင်ဖျော့နေသည်။တွန့်ချိုးထားတဲ့မျက်ခုံးနက်တွေက အလိုမကျလို့မဟုတ်ဘဲ ဝမ်းနည်းနေသည့်ပုံစံပင်။တင်းတင်းစေ့နေကျနှုတ်ခမ်းတစ်စုံဟာလည်း အတွေးများနေတဲ့သခင်ဖြစ်သူရဲ့သတိမထားနိုင်မှုကြောင့် ခပ်ဟဟပွင့်လျှက်ရှိနေသည်။ခုံတန်းရဲ့နောက်မှီကို ကျောမှီထားပုံက စိတ်ပျက်လက်ပျက်ပုံစံဖြင့်သာ။

"မျက်ဝန်းပြာလေး~"

တီးတိုးရေရွတ်ကြည့်တော့ ရင်တွေအတိုင်းအဆမရှိခုန်လာသလို တဆက်တည်းမှာပဲ နာကျင်မှုတစ်စုံတစ်ရာလည်းကပ်ပါလာသည်။

"မောင်တကယ်ပဲနောက်ကျခဲ့ပြီလား"

အဖြေမရှိတဲ့မေးခွန်းကိုထုတ်နေမိတာ ဒါနဲ့ဆိုအကြိမ်ပေါင်းမနည်းတော့ပါ။

အပြုံးတွေက မောင့်အတွက်မဟုတ်တာကို ရင်နာတယ်။
မင်းအသားကို မောင်မဟုတ်တဲ့တခြားလူထိတာကို မြင်ရတာရင်နာတယ်။
မင်းအလုပ်လုပ်နေတာကို တစိမ့်စိမ့်ထိုင်ကြည့်နေကြတဲ့ လူတွေကိုမြင်ရတာလည်း ရင်နာတယ်။
မင်းစပ်ပေးတဲ့အရက်တွေကို ဇိမ်နဲ့ထိုင်သောက်နေကြတဲ့ လူတွေကြောင့်လည်း ရင်နာတယ်။
နောက်ဆုံး မင်းဂေးတာဟာ မောင့်လိုပဲ တစ်စုံတစ်ယောက်အတွက်သီးသန့်ဆိုပြီးဖြစ်လေမလားလို့တွေးမိတိုင်း မောင့်ရင်တွေနာတယ်။

"မောင်ဖြင့်ချစ်လိုက်ရတာ မျက်ဝန်းပြာလေးရယ်"

သေချာသွားခဲ့ပြီ။မောင့်အတွက် နောက်တစ်ကြိမ်စမ်းသပ်စရာမလိုတော့အောင်ကို မျက်ဝန်းပြာလေးအပေါ်သေချာသွားခဲ့ပါပြီ။သို့ပေမယ့် မောင်သိပ်များနောက်ကျသွားခဲ့ပြီလား မျက်ဝန်းပြာလေးရယ်။မောင်ဘယ်လိုဆက်လုပ်ရပါ့မလဲ။

မောင့်မျက်ဝန်းပြာ (COMPLETED) မောင့်မျက်ဝန်းပြာDonde viven las historias. Descúbrelo ahora