အပိုင်း(၂၁)

729 9 0
                                    

ဆံပင်တွေကထိုးထိုးထောင်ထောင် မျက်ကွင်းတွေကအနည်းငယ်ညိုချင်နေတဲ့ကောင်လေးသုံးယောက်ဟာ ကျောင်းကန်တင်းရဲ့စားပွဲဝိုင်းတစ်နေရာမှာထိုင်နေကြသည်။

ကန်တင်းမှ ကျောင်းသူ၊ကျောင်းသားတော်တော်များများဟာလည်း တစ်ညတည်းဖြင့်ရုပ်ပြောင်းသွားတဲ့သူတို့ကျောင်းရဲ့ the whole king ကိုလူများမှားတာလားဆိုပြီး နှစ်ခါသုံးခါလောက်ပြန်ကြည့်ယူနေကြရသည်။မနေ့က the whole king နှင့် ဒီနေ့ the whole king နည်းနည်းများကွာခြားနေသလားလို့လေ။

ခုံပေါ်မေးထောက်ပြီးငိုက်နေသူကငိုက် ခုံပေါ်ခေါင်းမှောက်ပြီးအိပ်သူကအိပ် တဝါးဝါးသန်းသူကသန်းဖြင့် အလုပ်ရှုပ်နေကြတာကတော့ ချစ်သောမောင်ရယ် ကုဋေစိုးရယ် သူရနိုင်ရယ် ပဲဖြစ်ပါသည်။တစ်ယောက်သုံးခွက်စီမှာသောက်ထားကြတဲ့ကော်ဖီတွေဟာလည်း ကုန်နေလေပြီ။ဒါတောင် သူတို့အိပ်ချင်မပြေကြသေးပါ။

"ဝှါးး အိပ်ချင်လိုက်တာကွာ၊ ညကနောက်ကျသွားတာ အိမ်မှာတော်တော်အကောခံလိုက်ရတယ်"

ဇက်ကြောတွေကိုဖိနှိပ်ပြီး ကုဋေစိုး ကပြောသည်။

"အဲ့ဒါ ချစ်သောမောင် ကြောင့်လေ၊ ခဏဆိုပြီးအပြင်ထွက်သွားတာ တော်တော်နဲ့ပြန်မလာဘူး၊ ဘာလုပ်နေတာလဲမသိဘူး"

မေးထောက်ပြီးရှယ်ပလန်ဖြင့်ငိုက်နေတုန်းမှာပင် သူရနိုင် ရဲ့အပြစ်တင်စကားကြောင့် မောင်တစ်ယောက်ငေါက်ခနဲခေါင်းထောင်လာတော့သည်။

"ဘာလုပ်ရမှာလဲ၊ ဒီမှာ မင်းတို့သာမူးနေကြလို့ ငါမင်းတို့အမူးပြေတဲ့အထိစောင့်နေရတာပါနော်"

ဟုတ်တယ်! မူးပြီးအိမ်ပြန်သွားကြရင် သူတို့နှစ်ကောင်အထောင်းခံရမှာစိုးလို့ မောင်ကသူတို့အမူးပြေတဲ့အထိစောင့်ပြီးတော့မှအိမ်ပြန်ပို့တဲ့ဟာကို!

"အဲ့ဒါ ဟိုတစ်ယောက်ကြောင့်! ငါ့ကို မခံချင်အောင်သူလာဆွတာ"

ညကသူ့ကိုအရက်ပြိုင်သောက်ဖို့ပြောတဲ့ တစ်ယောက်ကို သူရနိုင် အပြစ်ဖို့လိုက်သည်။ဟုတ်တယ်လေ အဲ့အမူးသမားကြောင့် သူပါမူးသွားရတာ!

"မင်းကရော ကုဋေစိုး၊ ဘာလို့အဲ့လောက်တောင်သောက်ရတာလဲ၊ အိမ်ပြန်ရမယ့်ဟာကို"

မောင့်မျက်ဝန်းပြာ (COMPLETED) မောင့်မျက်ဝန်းပြာOnde histórias criam vida. Descubra agora