အပိုင်း(၁၆)

2.4K 183 4
                                    

"ဟော လာကြပြီလားရှင့်"

မောင်နှင့်မျက်ဝန်းပြာလေးတို့ကိုတွေ့တာနဲ့ အစီစဉ်တင်ဆက်သူအစ်မကြီးကပြာပြာသလဲကြိုဆိုသည်။

"ဘာကိစ္စရှိလို့လဲ"

မျက်ဝန်းပြာလေးက ထိုအစ်မကြီးကိုကြည့်ပြီးတိုတိုတုတ်တုတ်မေးလိုက်တော့

"အဲ အင်း ဟို"

"ပြောစရာရှိတာပြောပါ"

ပြန်ဖြေဖို့အရေး ဟိုလိုလိုဒီလိုလိုလုပ်နေတဲ့ အစ်မကြီးကိုမောင်လည်းစိတ်မရှည်တော့တာမို့ စကားလမ်းကြောင်းစပေးလိုက်သည်။

"ဟိုဟာလေ the whole ဆုရတဲ့လေးယောက်လုံးကို ပရိတ်သတ်အတွက်တစ်ခုခုဖျော်ဖြေစေချင်လို့ပါ၊ queen နဲ့ princess ကတော့နှစ်ယောက်တွဲပြီးသီချင်းတစ်ပုဒ်နဲ့ကပြမယ်တဲ့ အဲ့ဒါ မောင်လေးတို့နှစ်ယောက်လည်း တစ်ခုခုလောက်..."

မောင်တို့နှစ်ယောက်မျက်နှာကို တစ်လှည့်ဆီကြည့်ပြီးတောင်းဆိုနေတဲ့အစ်မကြီးကြောင့် မောင်နှင့်မျက်ဝန်းပြာလေးတို့ တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ဖြစ်ကြသည်။

မောင့်အနေနဲ့ဆိုရင်တော့ သေချာပေါက်မဖြစ်နိုင်တာကြီး၊ ဘာမှလည်းသေချာကြိုတင်ပြင်ဆင်ထားတာမရှိဘဲ ဘယ်လိုလုပ်ဖျော်ဖြေရမလဲ၊ ပြီးတော့ ဖျော်ဖြေတာတွေဘာတွေလည်းမောင်စိတ်မဝင်စားပါ၊ ဘာဖျော်ဖြေရမှန်းလည်းမသိပါ၊ မျက်ဝန်းပြာလေးဆိုရင် မောင့်ထက်တောင်ပိုဆိုးဦးမည်။

"ကျွန်တော်တို့...."

ခဏလောက်သေချာစဉ်းစားပြီး မောင်ငြင်းဖို့စကားစလိုက်တယ်ဆိုရင်ပဲ

"သီချင်းဆိုပေးမယ်၊ အဆင်ပြေလား"

ဟင်! ဘယ်လို! မောင်တအံ့တဩဖြင့် မျက်ဝန်းပြာလေးကိုကြည့်မိသည်။

"ဟာ တကယ်လား တကယ်နော်၊ ကျေးဇူးပါ ကျေးဇူးပါ ဟီးဟီး၊ နှစ်ယောက်တွဲပြီးဆိုမှာလား၊ တစ်ယောက်တစ်ပုဒ်ဆီလား"

"တစ်ယောက်တစ်ပုဒ်"

"ok ok ခဏနေရင်ဆိုမယ့်သီချင်းကို စက်အဖွဲ့ဆီလာပြောလိုက်နော်၊ အမလေး ပျော်လိုက်တာ ထပ်ပြီးကျေးဇူးပါနော် အဟီး"

မောင့်မျက်ဝန်းပြာ (COMPLETED) မောင့်မျက်ဝန်းပြာWhere stories live. Discover now