အပိုင်း(၁၄)

2.2K 173 5
                                    

[Fresher Welcome Day]

"ဟေ့ရောင် ဘယ်လိုဖြစ်လို့ ဖင်ဂနာမငြိမ်နေတာလဲ"

ပုဆိုးကြီးတကားကားနှင့် မျက်စိနောက်စဖွယ်ဖြစ်နေတဲ့ ချစ်သောမောင် ကို သူရနိုင် တစ်ယောက်စိတ်ပေါက်ပေါက်ဖြင့်မေးလိုက်သည်။

"အစ်ကိုမလာသေးလို့ကွ၊ ငါ့ကိုထွက်မစောင့်နဲ့တဲ့ သူ့ဘာသာလာခဲ့မယ်တဲ့"

"အဲ့ဒါဆိုလည်းမစောင့်နဲ့ပေါ့ကွာ၊ ငြိမ်ငြိမ်နေစမ်းပါအလှတွေပျက်ကုန်မယ်၊ physics မေဂျာကိုအရှက်မခွဲနဲ့နော်"

"-ီးကို အလှပျက်"

မောင် ဆဲလိုက်တော့ သူရနိုင် ကစပ်ဖြီးဖြီးမျက်နှာလုပ်ပြလာသည်။ဘေးမှာဖုန်းထိုင်ကြည့်နေတဲ့ ကုဋေစိုး ကတော့ သူနှင့်မဆိုင်သရွေ့ပတ်ဝန်းကျင်ကိုအာရုံစိုက်မယ့်သဘော နည်းနည်းလေးတောင်မရှိတဲ့ပုံပင်။

မောင် ကအခု မေဂျာတိုင်းရဲ့king selection တွေအတွက်သီးသန့်လုပ်ပေးထားတဲ့ အခန်းထဲမှာထိုင်နေရတာဖြစ်သည်။ပြောင်ပြောင်လက်လက်တွေပါသည့် အပြာရင့်ရောင်ရှပ်လက်ရှည်အင်္ကျီကို အပြာရောင်အကွက်စိတ်တွေပါတဲ့ ယောပုဆိုးနှင့်တွဲဝတ်ထားရတာမို့စိတ်အိုက်နေရသည်။မောင့်ကိုဝိုင်းဆင်ပေးလိုက်ကြတာလည်းကြည့်ကြပါဦး! ဇာတ်မင်းသားလိုလိုဘာလိုလိုနဲ့! တော်သေးတာပေါ့ ရုပ်ခံလေးရှိနေလို့ကြောင်တောင်တောင်ပုံစံဖြစ်မသွားတာ။အိုက်ကလည်းအိုက်သေး! ပန်ကာတွေလေးငါးလုံးအပြိုင်ဖွင့်ထားတာတောင် မောင့်မှာချွေးပြိုက်ပြိုက်ကျနေရသည်။

king တွေအကုန်လုံးရဲ့အဝတ်အစားတွေကိုကြည့်လိုက်တော့လည်း မောင့်လိုပဲပြောင်ပြောင်လက်လက်တွေနှင့်ပင်။သူတို့လည်းသေချာပေါက်အိုက်နေမှာပဲ! ပြီးတော့ မျက်နှာမှာလည်းမိတ်ကပ်တွေနဲ့! မောင်တောင်မလိမ်းချင်ဘူးဆိုတာကို အတင်းလိမ်းပေးကြလို့ နည်းနည်းအလိမ်းခံထားရသေးသည်။

.......ဪ the whole king လေးအရွေးခံရဖို့အတွက်တော်တော်ကိုဒုက္ခခံနေရတာပဲ!........

the whole King ဆိုမှ မျက်ဝန်းပြာလေးကလည်း လက်ရှိthe whole prince မို့အခုလိုမျိုးပြောင်ပြောင်လက်လက်လေးတွေဝတ်လာမှာလားမသိပါ။အိုးးဂေါ့ အဲ့ဒါဆိုရင်တော့ သေချာပေါက်ကြည့်ကောင်းလွန်းလို့ မောင် အသက်ရှူသံတွေမှားရတော့မယ်နဲ့တူပါသည်။

မောင့်မျက်ဝန်းပြာ (COMPLETED) မောင့်မျက်ဝန်းပြာDonde viven las historias. Descúbrelo ahora