အပိုင်း(၃၄)

1.9K 117 7
                                    

မနက်ခင်း၏ ပြယုဂ်တစ်ခုဖြစ်တဲ့ သူရိန်နေမင်းကြီးဟာ ပင်လယ်ပြင်ရဲ့အနားသတ်မျဉ်းမှတဆင့် အပေါ်သို့မြင့်တက်လာခဲ့သည်။တလိတ်လိတ်တက်လာသည့် အဖြူ​ရောင်လှိုင်းလုံးတွေဟာလည်း ပင်လယ်ကမ်းစပ်သို့ သူ့ထက်ငါအပြိုင်အဆိုင်ရိုက်ခတ်နေကြပါသည်။ရေလှိုင်းရိုက်သံ တဝေါဝေါက ပင်လယ်ကမ်းခြေမှန်းသိသာစေသည့် အဓိကအချက်တစ်ခုပင်ဖြစ်သည်။

ထိုအချိန်တွင် ပင်လယ်ပြင်ကိုမျက်နှာမူကာ သဲသောင်ပြင်၌ စတိုင်တစ်ယောက်တစ်မျိုးစီဖြင့် စီတန်းရပ်နေကြသည့် ကောင်လေးရှစ်ယောက်။ဟာဝိုင်အီရှပ်ပုံစံမျိုးစုံကို ကွာတားဘောင်းဘီအရောင်မျိုးစုံဖြင့် အသီးသီးတွဲဝတ်ထားကြပြီး မျက်နှာထက်မှာလည်း နေကာမျက်မှန်ကိုယ်စီတပ်ထားကြပါသေးသည်။

hair up စတိုင်ငွေမင်ရောင်ဆံပင်တွေကို လက်ဖဝါးဖြင့်တစ်ချက်သပ်တင်လိုက်သည့် ခန့်ညားချောမောသောယောကျ်ား၊ နားရွက်အနားမှ အနည်းငယ်ရှည်နေသည့် ဆံပင်အား နားရွက်အနောက်သို့ လှလှပပလေးသိမ်းသွင်းလိုက်သည့် လှပသောအမျိုးသား၊ ပါးပြင်ထက်မှ sun cream တစ်ချို့အား လက်သုံးချောင်းဖြင့် ပွတ်လိမ်းလိုက်သည့် အသားညိုညိုရုပ်ဖြောင့်ဖြောင့်ကောင်လေး၊ မျက်မှန်အနားရောက်နေသည့် ဆံပင်တွေအား ခေါင်းတစ်ချက်ခါကာ ဖယ်ရှားလိုက်သည့် ဖြူအုအုမျက်နှာပိုင်ရှင်ကောင်ချောလေး၊ နှာရိုးအနားမှ မျက်မှန်အား လက်ညှိုးသုံးကား အပေါ်သို့တစ်ချက်ပင့်တင်လိုက်သည့် ပါးဖောင်းဖောင်းဖြင့် ချစ်စဖွယ်ကောင်လေး၊ အကြောစိမ်းတွေဖြာနေသည့် လက်ငါးချောင်းကိုသုံးကာ ဖရိုဖရဲဖြစ်နေသည့် အနက်ရောင်ဆံပင်တွေအား ထပ်မံဆွဲဖွလိုက်သည့် ချောမောခန့်ညားလှသောယောကျ်ား၊ မျက်နှာထက်က နေကာမျက်မှန်အား ခေါင်းပေါ်နေရာပြောင်း၍တပ်ဆင်လိုက်ကာ ပါးချိုင့်လေးနှင့်သွားတက်လေးပေါ်သည်အထိ ချစ်စဖွယ်ပြုံးရယ်လိုက်သည့်ခပ်ချောချောကောင်လေး စသဖြင့် အကုန်လုံးဟာ သူတို့စတိုင်ဖြင့်သူတို့မိမိုက်နေကြသည့်အချိန်တွင်

"မပြန်သေးဘဲ ဘာရပ်လုပ်နေကြတာလဲ"

နေကာမျက်မှန်အား မျက်လုံးအောက်သို့အနည်းငယ်ချလိုက်ကာ လက်ပိုက်၍ ခပ်တည်တည်မျက်နှာထားလေးဖြင့် မေးလိုက်သည့် မျက်ဝန်းပြာပြာကောင်လေးကြောင့် အကုန်လုံးလှုပ်လှုပ်ရှားရှားဖြစ်သွားကြတော့သည်။

မောင့်မျက်ဝန်းပြာ (COMPLETED) မောင့်မျက်ဝန်းပြာМесто, где живут истории. Откройте их для себя