အပိုင်း(၃၇)

555 9 0
                                    

ခေါင်းတစ်ခုလုံးအုံခဲနေတဲ့ခံစားချက်နှင့်အတူ ကုဋေ အိပ်ရာမှနိုးလာခဲ့သည်။နိုးနိုးချင်း ကိုယ့်အနေအထားကိုယ် သတိထားကြည့်လိုက်တော့ မွေ့ရာပေါ်ရောက်နေတာကိုသိလိုက်ရသည်။ကိုယ်ပေါ်မှာလည်း ဂွမ်းစောင်ထူထူကလုံလုံခြုံခြုံ ခြုံထားလျှက်။မနေ့ညက ဦးမင်းခေါင် ကိုစောင့်ရင်းနဲ့ ကုဋေ ဆိုဖာခုံမှာအိပ်ပျော်သွားခဲ့တာပါ။အခု ဘယ်လိုလုပ် ခုတင်ပေါ်ရောက်နေတာပါလိမ့်။

ပတ်ဝန်းကျင်ကို စူးစမ်းကြည့်လိုက်တော့လည်း ဦးမင်းခေါင် ရဲ့အရိပ်အယောင်ကိုတောင်မတွေ့ရပါ။

"သူ ညက ငါအိပ်ပျော်သွားတော့မှ ပြန်လာတာနေမယ်"

ကုဋေ ကိုယ့်ဘာသာတီးတိုးရေရွတ်လိုက်ပြီး ကိုယ်ပေါ်ကစောင်ကိုဖယ်ကာ ခုတင်ပေါ်ကဆင်းလိုက်သည်။ထို့နောက် အပျင်းကြောတစ်ချက် နှစ်ချက်လောက်ဆန့်လိုက်ရင်း ရေချိုးခန်းထဲကိုဦးတည်လိုက်ပါသည်။

ရေချိုးခန်းထဲရောက်တော့ နံရံကပ်မှန်မှာပေါ်နေတဲ့ကိုယ့်ပုံရိပ်ကိုယ် ကုဋေ စူးစိုက်ကြည့်နေမိပြီး ခဏအကြာမှာတော့

"အားးးး"

ခေါင်းကဆံပင်တွေကိုလက်နှစ်ဖက်ဖြင့် ဆွဲဆုပ်ကာ အာခေါင်ခြစ်အော်လိုက်ပါတော့သည်။

"အားးး ရူးချင်တယ်၊ ငါဘာတွေပြောလိုက်မိတာလဲ!!"

အမှန်ဆို မနေ့ညက ဦးမင်းခေါင် ကို ကုဋေ အဲ့လောက်ထိပြောဖို့ စိတ်ကူးထားတာမျိုးမရှိခဲ့ပါ။ကိုယ့်ဘာသာကိုယ် အံ့ဩတာတွေရော၊ တုန်လှုပ်တာတွေရောပေါင်းပြီး စကားတွေပြောရင်း ပြောရင်းဖြင့် ကုလားကားတစ်ကားစာလောက်ရှည်သွားခဲ့တာပင်။ဟုတ်တာတွေရော မဟုတ်တာတွေရော စိတ်ထဲရှိတာတွေရော မရှိတာတွေရော အကုန်လုံးကို ထုတ်ပြောလိုက်မိသည်။

ကိုယ့်ကိုချစ်ပါတယ်လို့ ဝန်ခံလာတဲ့လူတစ်ယောက်အပေါ် ကုဋေ့ ရဲ့ဝေဖန်မှုတွေက အရမ်းကိုပြင်းထန်သွားခဲ့သည်။

"မယုံဘူးဆိုလည်း မယုံဘူး၊ လက်မခံနိုင်ဘူးဆိုလည်း လက်မခံနိုင်ဘူး အေးဆေးပြောလို့ရရဲ့သားနဲ့ကွာ၊ ကျစ်!"

gay တာတွေရော မလေးစားတာတွေရော မယုံကြည်တာတွေရော၊ အားးး ကုဋေ ဘာတွေပြောလိုက်မိတာလဲ!!! ဦးမင်းခေါင် ကအဲ့လောက်ထိလည်း အကျင့်ပျက်နေတဲ့လူတစ်ယောက်မဟုတ်ဘူးဆိုတာသိရဲ့သားနဲ့!! ဦးမင်းခေါင် ရဲ့ပုံစံက ကုဋေ လိုချင်တဲ့ပုံစံမျိုးမဟုတ်ပေမယ့်လည်း သူ့ဟာနဲ့သူတော့အဆင်ပြေပါသည်။ဒါကိုတောင် ကုဋေက...

မောင့်မျက်ဝန်းပြာ (COMPLETED) မောင့်မျက်ဝန်းပြာDonde viven las historias. Descúbrelo ahora