အပိုင်း(၃၆)

1.7K 109 23
                                    

"မင်းဘယ်ကိုသွားနေတာလဲ"

သူ့လက်ကိုဆွဲပြီး ခြေဦးတည့်ရာလျှောက်နေတဲ့ သူရနိုင် ကို မင်းမော်ဦး မေးလိုက်သည်။

"ဟင်၊ အင်း ရောက်တော့မယ်"

သူရ ကနောက်လှည့်မကြည့်ပါဘဲ ပြန်ဖြေသည်။

ခဏအကြာမှာတော့ ကမ်းစပ်အနားကကျောက်ဆောင်ဘေးနားကို နှစ်ယောက်သားရောက်သွားခဲ့ကြသည်။ကြယ်ရောင်စုံသောညကြောင့် သူရ တို့ရောက်နေတဲ့နေရာက တစ်ယောက်ကိုတစ်ယောက် ကောင်းကောင်းမြင်နိုင်တဲ့အနေအထားမှာရှိပါသည်။

ဆွဲထားတဲ့လက်ကို မလွှတ်သေးတဲ့ သူရ ကြောင့် မင်းမော် လည်းထိုအတိုင်းသာ ငြိမ်ငြိမ်လေးနေနေမိသည်။

"ကျွန်တော်ဆိုတဲ့သီချင်းကောင်းလား"

"ဟင်"

မင်းမော် တစ်ယောက် မျက်လုံးအဝိုင်းသားဖြင့်အံ့ဩသွားရသည်။သူရ ကတော့ မင်းမော် ကိုမကြည့်ပါဘဲ ပင်လယ်ဘက်ကိုသာမျက်နှာမူထားလျှက်ရှိသည်။မင်းမော် မှာတော့ 'ကျွန်တော်' ဆိုသောနာမ်စားကြောင့် ကြောင်အနေမိပါ၏။

"ဟော...ဖြေလေဗျာ"

"အမ် ဟင်"

"သီချင်းကောင်းလားလို့"

မင်းမော် ကိုလှည့်ကြည့်ကာ စိတ်မရှည်တော့တဲ့ပုံစံဖြင့် မေးလာတာမို့

"ဪ အင်း ကောင်းပါတယ်၊ မင်းအသံတကယ်ကောင်းတယ်၊ ဂစ်တာတီးလည်းတော်တယ်"

မင်းမော် ရဲ့ချီးကျူးစကားကြောင့် သူရ ရဲ့မျက်နှာကပြုံးသွားပြီး ပင်လယ်ဘက်ကိုမျက်နှာပြန်လှည့်သွားသည်။

"ဒါဆို သီချင်းရဲ့အဓိပ္ပာယ်ကိုရော နားလည်လား"

ထပ်၍မေးလာတာမို့ မင်းမော် သေချာစဉ်းစားလိုက်ပေမယ့်

"ဟမ် အင်း အဲ့ဒါက"

သီချင်းကို အခုမှ ပထမဦးဆုံးနားထောင်ဖူးတဲ့ မင်းမော် အဖို့ သီချင်းအဓိပ္ပာယ်ကိုနားလည်ရန် အနည်းငယ်တော့ခက်ခဲပါသည်။မင်းမော် သိတာက အညိုဆင်လေးရဲ့ အသံနှင့်အကြည့်မှာ သူမြောသွားခဲ့တယ်ဆိုတာပါပဲ။ဘာတွေဆိုသွားမှန်းတော့ သိပ်မသိလိုက်ပါ။အညိုဆင်လေးက မျက်လုံးတစ်ဖက်တောင် မင်းမော် ကိုမှိတ်ပြသေးတာမလား။

မောင့်မျက်ဝန်းပြာ (COMPLETED) မောင့်မျက်ဝန်းပြာDonde viven las historias. Descúbrelo ahora