အပိုင်း(၃၉)

1.8K 108 6
                                    

"အားး ကိုယ်တွေလက်တွေကိုက်ခဲနေသလို ခံစားနေရတယ်"

ဇက်ကြောတွေကိုဖိနှိပ်ရင်း သူရနိုင် တစ်ယောက်ညည်းညူလိုက်ပါသည်။

"မိုးရေထဲအကြာကြီးနေလိုက်လို့ဖြစ်မယ်"

ဘေးနားမှာထိုင်နေတဲ့ မိုးည က သူရ ရဲ့ဇက်ကြောကိုကူနှိပ်ပေးရင်း ပြောလိုက်သည်။

"ဟုတ်မယ် လေးလေး"

"မင်းတစ်ယောက်တည်းမဟုတ်ပါဘူး၊ ငါတို့အကုန်လုံးလည်းနေရတာပဲကို"

"လူချင်းတူပေမယ့် ခန္ဓာကိုယ်ချင်းမတူဘူးလေ၊ ငါ့ကိုယ်လေးက အရမ်းနုလို့နေမယ်"

ပြီတီတီမျက်နှာပေးဖြင့်ပြောလာတဲ့ သူရနိုင် ကို ကုဋေ မကြည်ကြည့် ကြည့်လိုက်ပြီးနောက် ချက်ချင်းဆိုသလို အောင်နိုင်သူအပြုံးပြန်ပြုံးလိုက်ကာ

"အဲ့လောက်နုနေရင် မင်းBနေလိုက်"

"ဟမ် ဘာကို"

သူရနိုင် ကနားမလည်သလိုမေးလိုက်ပေမယ့် နားလည်တဲ့ လူတချို့ကတော့ရယ်ကုန်ပြီဖြစ်သည်။
မင်းမော် တစ်ယောက် ထိုင်နေတဲ့ပုံစံကိုပြင်လိုက်ကာ စမတ်ကျကျပုံစံပြောင်းယူလိုက်ပြီး သူရ ရဲ့လက်တစ်ဖက်ကိုဆုပ်ကိုင်လိုက်ပါသည်။လက်အကိုင်ခံရတဲ့ သူရ ကတော့ မင်းမော် ကိုင်တာမို့ဘာစကားမှမဆိုဘဲအကိုင်ခံသည်။အခု သူရ အတွက်အရေးကြီးနေတာက ကုဋေ ပြောတဲ့ B ဆိုသောစကားလုံးပင်။

"ဟမ် ဘာပြောတာလဲလို့!"

စိတ်မရှည်၍အော်မေးလိုက်တော့ ကုဋေ ကသူ့အနားကိုတိုးဆိုတဲ့ပုံစံဖြင့် သူရ ကိုလက်ညှိုးကွေးပြီးခေါ်သည်။သူရ လည်းထိုင်နေရာမှဖင်ကြွလိုက်ကာ မင်းမော် ရဲ့ပေါင်ပေါ်ကို ကိုယ်အပေါ်ပိုင်းတင်ပြီး မင်းမော် ရဲ့ဘေးနားမှာထိုင်နေသည့် ကုဋေ့အနားကိုခေါင်းတိုး၍ ဘာပြောမလဲနားထောင်လိုက်ပါသည်။

"................"

"ဘာ!! ချီးပဲ!!"

ကြားလိုက်ရတဲ့စကားကြောင့် ကုဋေ့ ကို သူရ လှမ်းရိုက်လိုက်ပေမယ့် ချက်ချင်းဆိုသလို ဘေးခုံက မင်းခေါင် ပေါင်ပေါ်ရောက်သွားတဲ့ ကုဋေ့ ကြောင့် မထိလိုက်ဘဲ အရှိန်လွန်ပြီး မင်းမော် ရဲ့ပေါင်ပေါ်သို့ ဝမ်းယားထိုးပြုတ်ကျတော့သည်။

မောင့်မျက်ဝန်းပြာ (COMPLETED) မောင့်မျက်ဝန်းပြာWhere stories live. Discover now