Thank You💙

707 37 0
                                    


ပထမဦးဆုံးရေးတဲ့ OC fic မဟုတ်ပေမယ့် ကောင်းကောင်းမွန်မွန်နဲ့ ပထမဦးဆုံးပြီးသွားတဲ့ OC fic လေးပါ💙

ပထမဦးဆုံးအနေနဲ့ ကိုယ့်ရဲ့ ficလေးကို ယုံယုံကြည်ကြည်နဲ့မပျက်မကွက် ongoing လိုက်ပေးကြတဲ့ စာဖတ်သူလေးတွေကို ကျေးဇူးတင်ပါတယ်🫶🏻ပြီးတော့ vote ပေးကြတဲ့သူလေးတွေရော comment ရေးပေးကြတဲ့သူလေးတွေကိုလည်း ကျေးဇူးတင်ပါတယ်🫶🏻

Ficကို complete ဖြစ်မှဖတ်မယ်ဆိုပြီးဥထားတဲ့သူလေးတွေကိုလည်း ကျေးဇူးတင်ပါတယ်။Reading list ထဲထည့်ပေးကြသူလေးတွေကိုလည်း ကျေးဇူးတင်ပါတယ်။Fic ကို recommend ပေးပေးကြမယ့်သူတွေကိုလည်း ကျေးဇူးတင်ပါတယ်။

အစက main couple တစ်တွဲ side couple သုံးတွဲဆိုပြီးရေးပေမယ့် တဖြည်းဖြည်းနဲ့အတွဲအကုန်လုံးက main တွေဖြစ်သွားခဲ့ပါတယ်။ကိုယ့်မူပိုင်ဇာတ်ကောင်လေးတွေကိုအများကြီးဖန်တီးနိုင်ခဲ့လို့ အရမ်းပျော်ပါတယ်။အခုဆိုရင် စိတ်ကူးယဉ်ကမ္ဘာတစ်ခုမှာ ကိုယ်ဖန်တီးထားတဲ့ လူသားလေးတွေရှိနေပြီပေါ့နော်🥺

နောက်ဆုံးအနေနဲ့ပြောချင်တာကတော့ မောင့်မျက်ဝန်းပြာficရဲ့ဇာတ်ကောင်လေးတွေဖြစ်တဲ့

ချစ်သောမောင်
ညှို့မျက်ဝန်း
ထွဋ်ခေါင်ချုပ်
မိုးညမောင်
မင်းခေါင်ချုပ်
ကုဋေစိုး
သူရနိုင်
မင်းမော်ဦး ဆိုတဲ့ဇာတ်ကောင်လေးတွေကို အမြဲတမ်းမဟုတ်တောင် တစ်ခါတစ်လေတိုက်ဆိုင်မှုလေးတွေရှိခဲ့ရင် သတိရပေးပါလို့တောင်းဆိုချင်ပါတယ်။သတိရပေးရင် အရမ်းပျော်မိမှာပါ။

ငပလီကိုရောက်ခဲ့ရင်ပဲဖြစ်ဖြစ်
မိုးပြာရောင်လေးတွေကိုမြင်ခဲ့ရင်ပဲဖြစ်ဖြစ်
stingအနီရောင်အအေးဘူးကိုသောက်ဖြစ်ခဲ့ရင်ပဲဖြစ်ဖြစ်
စာမေးပွဲဖြေဖို့အတွက်စာမရခဲ့ရင်ပဲဖြစ်ဖြစ်😆
gay barကိုရောက်ဖြစ်ခဲ့ရင်ပဲဖြစ်ဖြစ်👀
ခေါက်ဆွဲကြော်စားဖြစ်ခဲ့ရင်ပဲဖြစ်ဖြစ်😋
suit ရောင်းတဲ့ဆိုင်ကိုရောက်ဖြစ်ခဲ့ရင်ပဲဖြစ်ဖြစ်
အချစ်မျက်ဝန်း သီချင်းကိုကြားခဲ့ရင်ပဲဖြစ်ဖြစ်
ချာတိတ် ဆိုတဲ့သီချင်းကိုကြားခဲ့ရင်ပဲဖြစ်ဖြစ်
ကလေးရယ် ဆိုတဲ့သီချင်းကိုကြားခဲ့ရင်ပဲဖြစ်ဖြစ်
ဒူးထောက်ပြီ ဆိုတဲ့သီချင်းကိုကြားခဲ့ရင်ပဲဖြစ်ဖြစ်
အကြည့်တစ်ချက် ဆိုတဲ့သီချင်းကိုကြားခဲ့ရင်ပဲဖြစ်ဖြစ်

မောင့်မျက်ဝန်းပြာ (COMPLETED) မောင့်မျက်ဝန်းပြာDonde viven las historias. Descúbrelo ahora