အပိုင်း(၁၈)

2.5K 193 5
                                    

အချစ်တွေဖြင့်အစပြုရာ မနက်ခင်းတစ်ခု။

"ဒါးဒါဒါး.....ဒီးဒီဒီး.....ဒူးဒူဒူး.....လားလာလား"

ပျော်ရွှင်တက်ကြွစွာဖြင့် ကိုယ်လုံးပေါ်မှန်ရှေ့မှာ ချစ်သောမောင်တစ်ယောက် အဝတ်အစားတွေတစ်စုံပြီးတစ်စုံဝတ်ကြည့်နေသည်။မကြိုက်လို့ပစ်ချထားတဲ့ အဝတ်တွေကလည်းဘေးခုတင်ပေါ်မှာအပုံလိုက်ပင်။

"အရောင်အရမ်းတောက်လွန်းတယ် go!"

လိမ္မော်ရောင်အင်္ကျီလေးဟာလည်း အဝတ်ပုံထဲရောက်သွားခဲ့သည်။

"အင်းး မဆိုးဘူး"

အခုချိန်ထိ တစ်ထည်ပြီးတစ်ထည်ရွေးလာပေမယ့် အကောင်းဆုံးဆိုတဲ့အခြေအနေကိုမရောက်သေးဘဲ မဆိုးဘူးဆိုတဲ့အဆင့်မှာသာရှိနေသေးသည်။သို့ပေမယ့်လည်း ဆက်ရွေးနေရင်ကျောင်းနောက်ကျတော့မှာမို့ ကိုယ်ပေါ်က ရှပ်အင်္ကျီ နီညိုရောင်လက်ရှည်ကိုသာဝတ်သွားဖို့ မောင် ဆုံးဖြတ်လိုက်သည်။

"အောက်က ပုဆိုးဝတ်ရမယ်၊ ဒီနေ့က ဗုဒ္ဓဟူးဆိုတော့"

နီညိုရောင်အကွက်စိပ်လေးတွေပါတဲ့ပုဆိုးကို ချပ်ချပ်ရပ်ရပ်ဝတ်လိုက်သည်။ကိုယ်လုံးပေါ်မှန်မှာကြည့်လိုက်တော့ နီညိုရောင် ပုဆိုး၊အင်္ကျီ ဝမ်းဆက်က မောင့်အသားအရေအဖြူနှင့် လိုက်ဖက်နေတာမို့ စိတ်ကျေနပ်သွားရသည်။မောင်က ဘယ်လိုနေနေချောတာမှန်ပေမယ့် အခုကတော့ အရင်ကထက်ပိုပြီး ချောမောနေရမှာမို့ အခုလို မနက်ငါးနာရီလောက်ကတည်းက အိပ်ရာထပြီးကျောင်းသွားဖို့ပြင်နေရတာဖြစ်သည်။အသည်းအသက်ချစ်သူလေးရဲ့အမြင်မှာ မောင်က perfect ဖြစ်နေစေချင်တယ်လေ။

ခေါင်းအစခြေအဆုံးစိတ်တိုင်းကျဖြစ်တော့မှ စာကြည့်စားပွဲပေါ်ကလွယ်အိတ်ကိုကောက်ယူပြီး အောင်ထပ်ဆင်းသွားလိုက်သည်။

:

"လေးလေး သားပြီးပြီ"

"အယ် သားချစ်၊ ခုနစ်နာရီပဲရှိသေးတယ် ကျောင်းသွားတော့မလို့လား"

"ကိစ္စလေးရှိလို့လေးလေးရ"

အဟွန်း! မျက်ဝန်းပြာလေးနဲ့ချိန်းထားတာလေ။

မောင့်မျက်ဝန်းပြာ (COMPLETED) မောင့်မျက်ဝန်းပြာNơi câu chuyện tồn tại. Hãy khám phá bây giờ