အပိုင်း(၁၃)

2.4K 181 5
                                    

"ဟဲလို အစ်ကို၊ မင်္ဂလာနံနက်ခင်းပါဗျ"

".............."

"အစ်ကို ကျောင်းလာနေပြီလားဟင်"

"............."

"ကျောင်းအပေါက်ဝရောက်ရင် ကျွန်တော့်ကိုဖုန်းဆက်လိုက်နော်၊ ကျွန်တော်လာခေါ်မှာမို့"

"............."

"ကျွန်တော်ကအခုကန်တင်းမှာ"

"............."

"အာ မဟုတ်ဘူး ရောက်ရင် miss call ပဲပေးလိုက် အစ်ကိုဘေကုန်နေမှာစိုးလို့ဗျ"

"............."

"ဟုတ် ဟုတ်၊ ဒါဆို ဒါပဲနော်အစ်ကို၊ ဖြည်းဖြည်းလာပါဗျ"

ပျော်ရွှင်စွာဖုန်းပြောပြီးသွားတဲ့နောက် ပတ်ဝန်းကျင်ကို မောင်အာရုံစိုက်လိုက်တော့ ပေါင်မုန့်ကြီးပါးစပ်မှာကိုက်ထားပြီး ပြူးကြောင်ကြောင်ဖြင့်ကြည့်နေတဲ့ သူရနိုင် ရယ်၊ လက်ထဲကဖုန်းကိုတောင်ဂရုမစိုက်နိုင်တော့ဘဲ ပြူးပြူးကြီးကြည့်နေတဲ့ ကုဋေစိုး ရယ်ကို တွေ့လိုက်ရသည်။အဟင်းအဟင်း ဒီကောင်တွေသေချာပေါက် မောင့်ကိုအားကျနေကြပြီလေ။မာန်တွေတက်ပြီး မောင်ပြုံးဖြီးဖြီးလုပ်လိုက်တော့

"အာ့!"

နှုတ်ခမ်းထောင့်မှအနာမကျက်သေးတဲ့ဒဏ်ရာကစပ်လိုက်တဲ့ဖြစ်ခြင်း။

"ကောင်းတယ် နည်းတောင်နည်းသေးတယ်"

"သေ သေ"

"အဲ့လောက်ထိငါ့ကိုမချစ်ကြပါနဲ့ကွာ၊ မင်းတို့ကလည်း"

မနေ့ကအကြောင်းတွေကိုအကုန်ပြန်ပြောပြတော့ မကောင်းမကန်းသူငယ်ချင်းလေးနှစ်ယောက်က သူတို့မပါတာတော်သေးတယ်လို့ဆိုသည်။ဘာလို့လဲ မေးလိုက်တော့ သူတို့ပါမောင်နှင့်ရောပြီးခံရမှာစိုးလို့တဲ့လေ။မောင့်ကို သေချာမတွေးတောဘူး၊ ရူးကြောင်ကြောင်အရင်လုပ်တယ်ဆိုပြီးလည်း ပြောကြသေးသည်။ဟုတ်တယ်! မောင်လည်း ရုတ်တရက်ဆိုတော့ဘာတွေကိုတွေးနိုင်ဦးမှာလဲ၊ အကြောင်းကိစ္စတွေကအကုန်တိုက်ဆိုင်နေတာကို! ဘယ်လောက်မကောင်းလိုက်တဲ့နှစ်ကောင်လဲ! အခုလည်းမောင့်ကို ဘယ်ဘဝကအငြိုးတွေနဲ့လည်းမသိ၊ ဝိုင်းပြောနေကြသည်။

မောင့်မျက်ဝန်းပြာ (COMPLETED) မောင့်မျက်ဝန်းပြာWhere stories live. Discover now