အပိုင်း(၄၀)

1.8K 104 4
                                    

မိုးလင်းပြီဆိုတာနဲ့ နေရာစုံ လျှောက်သွား၊လျှောက်စားလုပ်လိုက်ကြတာဟာ နေရောင်ပျောက်တဲ့အချိန်မှပဲ အနားယူကြတော့တာဖြစ်သည်။ဤသို့ဖြင့် ငပလီရဲ့သုံးရက်မြောက်နေ့ဟာလည်း ပျော်ပျော်ရွှင်ရွှင်ဖြင့်ကုန်ဆုံးသွားခဲ့ပါသည်။

လေးရက်မြောက်နေ့မှာတော့ မိုးလင်းကတည်းကအိမ်ပြန်ကြဖို့စီစဉ်ရတော့သည်။ငပလီကနေစောစောထွက်မှ ကိုယ့်နေရာကိုယ် နေမဝင်ခင်ပြန်ရောက်မှာကြောင့်ဖြစ်သည်။သို့ပေမယ့် ငပလီစျေးထဲကနေ ပင်လယ်စာ၊ငါးပိ၊ငါးခြောက်တွေကို ဆိုင်အတွက်ဆိုပြီးအများအပြားဝယ်နေတဲ့ မိုးည ကြောင့် ကားစထွက်မယ့်အချိန်ထက် တစ်နာရီလောက်တော့နောက်ကျသွားခဲ့ပါသည်။မိုးည ဝယ်သမျှအထုတ်တွေတိုင်းကို ဝိုင်းကူသယ်ပေးကြရင်း အကုန်လုံးအင်္ကျီ တွေနံကုန်ကြလို့ ကားပေါ်မှာတင်အင်္ကျီ ပြန်လဲကြရတာကတော့အမှတ်တရပေါ့။

"နောက် ဘယ်အချိန်လဲတော့မသိပေမယ့် ထပ်လာခဲ့ပါဦးမယ်ငပလီရေ!! ကျွန်တော့်ကိုFAဘဝကကျွတ်အောင်လုပ်ပေးတဲ့အတွက် ကျေးဇူးကမ္ဘာပါဗျ! ဟဲဟဲ "

ကားပြတင်းပေါက်ဘက်ကိုလှည့်ရင်း မမြင်ရတော့တဲ့ပင်လယ်ကိုတမ်းတကာ ကုဋေ ကအော်ပြောလိုက်သည်။

"ကျွန်တော်လည်းအတူတူပါပဲ ငပလီကြီးရေ!!"

ပါးစပ်အနားကိုလက်ဖဝါးနှစ်ဖက်ကာ၍ သူရ ကလည်းအားကျမခံလိုက်အော်ပါ၏။

"တို့ရောအော်လို့ရလား"

"ရတာပေါ့ အစ်ကိုရ!"

"အမြဲတမ်းအကြောမတည့်ဖြစ်နေတဲ့ အရိုင်းတုံးလေးဆီကနေ ဖွင့်ပြောခံရအောင်လုပ်ပေးတဲ့အတွက်ကျေးဇူးပါ ပင်လယ်ကြီးရေ!!"

မင်းမော် ရဲ့စကားကို သူရ ကသဘောတကျရယ်လိုက်ပါသည်။

"ရေငုပ်နေတုန်းမိုးရွာပေးတဲ့အတွက် ကျေးဇူးပါ!!"

အလောတကြီးထအော်တဲ့ မင်းခေါင် ရဲ့စကားအဆုံးအကုန်လုံးဆီကနေ အမျိုးမျိုးသောရယ်သံတွေထွက်လာခဲ့ကြသည်။ကုဋေ ကတော့ သူ့ချစ်သူကြီးရဲ့စကားကိုသဘောကျပြီး ပါးကိုဖွဖွဆွဲလိုက်၏။

"ကျေးဇူးတင်ပါတယ် ငပလီ"

ဘယ်သူမှမကြားလောက်ဘူးထင်ပြီး တစ်ကိုယ်တည်းတီးတိုးရေရွတ်လိုက်တဲ့ မိုးည ရဲ့စကားကို ဘေးနားက ခေါင်ချုပ် ကကြားဖြစ်အောင်ကြားသွားပြီး နှုတ်ခမ်းတွေတွန့်ချိုးသွားခဲ့သည်။ထို့နောက် ဆင်တူလက်ပတ်လေးဝတ်ထားသည့် မိုးည ရဲ့လက်ကောက်ဝတ်သွယ်သွယ်ကို ခေါင်ချုပ် ဆုပ်ကိုင်ထားလိုက်ပါသည်။

မောင့်မျက်ဝန်းပြာ (COMPLETED) မောင့်မျက်ဝန်းပြာWhere stories live. Discover now