အပိုင်း(၄၂)

1.7K 100 5
                                    

"ညီ၊ တို့နှစ်ယောက် လမ်းခွဲရအောင်"

"................."

ကြားလိုက်ရတဲ့စကားကြောင့် ခန္ဓာကိုယ်ထဲကသွေးကြောတွေအလုပ်မလုပ်တော့သလိုခံစားလိုက်ရပြီး ငြိမ်သက်တိတ်ဆိတ်သွားမိသည်။

'ဘာဖြစ်လို့လဲ'ဆိုတဲ့စကားတစ်ခွန်းကိုမေးဖို့ ကြိုးစားအားထုတ်လိုက်ပေမယ့် ဆို့နစ်နေတဲ့လည်ချောင်းထဲကအသံက အပြင်ကိုထွက်လာဖို့ ဘယ်လိုမှ မဖြစ်နိုင်ခဲ့ပါ။

ပါးပြင်နှစ်ဖက်ဟာ တစ်စုံတစ်ခုရဲ့ ပယောဂကြောင့် ပူနွေးစိုစွတ်လာပြီး မြင်ကွင်းတွေဝေဝါးနေပေမယ့် တုန်ယင်နေတဲ့ခန္ဓာကိုယ်ကို အားတင်းပြီး မတ်မတ်ရပ်နေစဲပင်ဖြစ်သည်။

"တို့ မင်းအပေါ်မစစ်မှန်ခဲ့ဘူးထင်ပါတယ်၊ အနေဝေးတဲ့အချိန်မှာသိလာခဲ့တယ်"

"အ...အစ်ကို"

ကြိုးစားပြီးထွက်လိုက်တဲ့အသံက အားလျော့မှုနှင့်အတူ လုံးထွေးနေခဲ့သည်။

"တောင်းပန်ပါတယ်၊ တို့ တကယ်တောင်းပန်ပါတယ်"

*ဟင့်အင်း မတောင်းပန်နဲ့! အဲ့ဒီအစား ကျွန်တော့်ကိုပဲ ကျေးဇူးပြုပြီး ကျွန်တော့်ကိုပဲဆက်ချစ်နေပေးပါ*

"တို့ စင်ကာပူမှာပဲနေဖြစ်တော့မယ်ထင်တယ်၊ မင်းလည်း တို့ကိုမမြင်ရတော့ စိတ်မဆင်းရဲရတော့ဘူးပေါ့"

*ဟင့်အင်း အဲ့လိုမလုပ်ပါနဲ့၊ ကျွန်တော်ရည်ရွယ်ခဲ့တာ၊ တစ်ဘဝလုံးစာရည်ရွယ်ခဲ့တာလို့!*

"တို့ သွားတော့မယ်နော်၊ တောင်းပန်ပါတယ်"

*ဟင့်အင်း မသွားပါနဲ့! ထားမသွားပါနဲ့!*

ကျောခိုင်းသွားသူကိုကြည့်ကာ ရင်ဘက်ကြီးပေါက်ထွက်မတက်အကျယ်ကြီးအော်ပြောနေပေမယ့် လည်ချောင်းနားမှာတင်ဆို့နစ်နေတဲ့စကားသံတွေက တစ်ဖက်လူကြားအောင်မစွမ်းဆောင်နိုင်ခဲ့ပါ။

"မသွားပါနဲ့! ထားမသွားပါနဲ့!"

တီ တီ တီ

"အစ်ကို!"

ကျယ်ကျယ်လောင်လောင်အော်လိုက်သံက အခန်းအတွင်းပဲ့တင်ထပ်သွားတော့သည်။

မောင့်မျက်ဝန်းပြာ (COMPLETED) မောင့်မျက်ဝန်းပြာOpowieści tętniące życiem. Odkryj je teraz