အပိုင်း(၄၁)

1.6K 103 6
                                    

(လေးနှစ်ခန့်ကြာပြီးနောက်)

"လာ လာ လာ ဓာတ်ပုံရိုက်ကြမယ်"

မင်းခေါင် အော်ခေါ်လိုက်တော့ ကင်မရာကိုင်ထားတဲ့ မင်းခေါင် ရဲ့အနားကို ဘွဲ့ဝတ်စုံတွေတကားကားဖြင့်စုပြုံရောက်လာကြတော့သည်။

ဒီနေ့က အဖွဲ့ထဲမှာအငယ်ဆုံးတွေဖြစ်တဲ့ ချစ်သောမောင် တို့သူငယ်ချင်းသုံးယောက်ဘွဲ့ယူကြတဲ့နေ့ဖြစ်ပါသည်။

မင်းခေါင် ကသူ့အနားရောက်လာသည့် ဘွဲ့ဝတ်စုံထဲကိုယ်လုံးပျောက်နေသူလေးအား အသည်းတယားယားဖြင့်ဖက်နမ်းလိုက်သည်။ဘွဲ့ရသွားပြီမို့ စိတ်ချမ်းသာနေတဲ့ ကုဋေ က အခုအချိန်မှာ မင်းခေါင် ဘာလုပ်လုပ်ပြုံးပြီးတော့ငြိမ်ခံနေမယ့် သဘောမှာရှိ၏။

"ပူနေလား မောင်"

မောင်တို့ထက်အရင် ဘွဲ့ယူဖူးတဲ့ မျက်ဝန်းပြာလေးက ဘွဲ့ဝတ်စုံဘယ်လောက်ပူမှန်းသိတာမို့ မောင့်နှဖူးပေါ်ကချွေးစလေးတွေကိုလက်ကိုင်ပုဝါဖြင့်သုတ်ပေးရင်း မေးလာသည်။

"ဟုတ် ပူတယ် ကိုကို၊ မောင်ချွတ်တောင်ချွတ်ပစ်ချင်လာပြီ"

"အင်း ဓာတ်ပုံရိုက်ပြီးရင်ချွတ်လိုက်လေ"

"ဟုတ်"

ခေါင်ချုပ်နှင့်မိုးည တို့အတွဲကတော့ လူကြီးတွေပီပီ ကုဋေနှင့်သူရ တို့၏ မိဘတွေနှင့်အတူအရိပ်ကောင်းကောင်းတစ်ခုအောက်မှာ ဖျာခင်းထိုင်နေကြရင်းစကားစမည်ပြောနေကြပါသည်။

"ကဲ ကဲ ဘွဲ့ယူတဲ့သုံးယောက်ကိုရိုက်မယ်၊ 1 2 3 ဆိုတာနဲ့ ဘွဲ့ဦးထုပ်တွေကိုမိုးပေါ်မြှောက်လိုက်ကြနော်"

"ဟုတ်ကဲ့!"

"စမယ် 1 2 3!"

မင်းခေါင် ပြောတဲ့အတိုင်း သုံးယောက်သားတသွေမတိမ်းလိုက်လုပ်ပြီး ဓာတ်ပုံအရိုက်ခံကြသည်။အမှတ်တရနေ့မို့ အမှတ်တရပေါင်းများစွာကို ဓာတ်ပုံအဖြစ်သိမ်းဆည်းထားရမည်မှာ အစဉ်အလာဖြစ်သည်။

"okay ပြီးပါပြီ၊ ကဲ နေပူတယ် အရိပ်ထဲသွားကြမယ်"

ဓာတ်ပုံရိုက်ပြီးတာနဲ့ လူကြီးတွေထိုင်နေကြသည့် အရိပ်ဆီကို တစ်ချိုးတည်းပြေးကြတော့သည်။

မောင့်မျက်ဝန်းပြာ (COMPLETED) မောင့်မျက်ဝန်းပြာNơi câu chuyện tồn tại. Hãy khám phá bây giờ