"အဲ့နားမှာ နှစ်ခုံချလိုက်၊ နည်းနည်းခြားလိုက်ဦး"
မောင်ပြောတဲ့အတိုင်း သူရနိုင် ကတသွေမတိမ်းလိုက်လုပ်သည်။
"ကုဋေ ငါ့အခန်းထဲမှာ ဘီယာဘူးတွေသွားယူလိုက်၊ ဖြူ အဲ အစ်ကိုမင်းမော်နဲ့အတူသွားလိုက်"
"အေးအေး၊ လာ အစ်ကို ဘီယာသွားယူမယ်"
"အိုခေ"
သူရ ရဲ့စကားကြောင့် မင်းမော်နှင့်ကုဋေ တို့နှစ်ယောက် ဘီယာဘူးယူရန် hotel ဘက်ကိုထွက်သွားကြသည်။
"အဲ့နားကထင်းချောင်းနှစ်ချောင်းဒီကိုပေး"
"အိုခေ ယူပေးမယ်၊ ဝိုးး brother ကမီးမွှေးတာတော်သားပဲ"
မင်းခေါင် က ခေါင်ချုပ် ကိုချီးကျူးရင်း သူနှင့်မလှမ်းမကမ်းမှာရှိနေတဲ့ ထင်ချောင်းနှစ်ချောင်းကိုယူပေးလိုက်သည်။
သိပ်မကြာခင်အချိန်မှာပင် ခေါင်ချုပ် မွှေးနေတဲ့မီးပုံက မီးတောက်လာပါတော့သည်။
"တောက်ပြီ၊ မီးတောက်ပြီ"
မိုးည ကဝမ်းသာအားရဖြင့်ထပြောသည်။မီးပုံမီးတောက်လာတော့မှပဲ သူတို့နေနေတဲ့ပတ်ဝန်းကျင်က နွေးနွေးထွေးထွေးရှိသွားခဲ့ပါသည်။
ခဏအကြာမှာ ဘီယာဘူးတွေသွားယူတဲ့ ကုဋေ တို့လည်းပြန်ရောက်လာကြသည်။
ထို့နောက် မီးပုံကိုဝိုင်းပြီးချထားသည့် သစ်သားခုံ ရှစ်ခုံပေါ်မှာ အသီးသီးဝင်ထိုင်လိုက်ကြတော့သည်။ကမ်းခြေရောက်ပြီဆိုမှတော့ မီးပုံပွဲလည်းလုပ်သင့်တယ်မလား။ထို့ကြောင့် သဲသောင်ပြင်ကွက်လပ်တစ်နေရာမှာ ရိုးရှင်းတဲ့မီးပုံပွဲလေးတစ်ခုကို အုပ်စုလိုက်ဆင်နွှဲနေကြတာဖြစ်ပါသည်။
"မောင်ရော"
ဤသည်က ညှို့မျက်ဝန်း တစ်ယောက်တည်းတီးတိုးရေရွတ်လိုက်တဲ့စကားဖြစ်သည်။ခုနကအထိအတူရှိနေတဲ့ မောင် က ညှို့ သတိမထားမိလိုက်တဲ့အချိန်ခဏအတွင်းမှာပင် ဘယ်ရောက်သွားလဲ မသိလိုက်ပါ။
"မီးတောက်သွားပြီလား"
ညှို့ မျက်လုံးကစားပြီးရှာနေတုန်းမှာပင် အမေးစကားနှင့်အတူ မောင် ပြန်ရောက်လာသည်။လက်ထဲမှာလည်း အညိုရောင်ဂစ်တာတစ်လုံးကိုကိုင်လျှက်။
ВЫ ЧИТАЕТЕ
မောင့်မျက်ဝန်းပြာ (COMPLETED) မောင့်မျက်ဝန်းပြာ