အချိန်တွေကြာလာတာနှင့်အမျှ အခုဆိုရင် မျက်ဝန်းပြာလေးနှင့်မောင်တို့ ခင်မင်နေကြတာဟာ တစ်ပတ်ကျော်လောက်ပင်ရှိနေလေပြီ။ထိုအချိန်အတွင်း အခြေအနေတွေတိုးတက်လာတယ်လို့ဆိုရပါမည်။များသောအားဖြင့် မျက်ဝန်းပြာလေးကမောင့်ကိုအမူအရာဖြင့်သာတုန့်ပြန်တတ်ပေမယ့် အခုဆိုရင်တော့ မောင်စကားတစ်ခွန်းပြောလိုက်တာနဲ့ သူလည်းစကားတစ်ခွန်းဖြင့်ပြန်တုန့်ပြန်တတ်နေလေပြီ။
သို့ပေမယ့်လည်း ခင်မင်နေကြတဲ့အတောအတွင်း ပြောဖြစ်ကြတဲ့စကားအရေအတွက်ဟာ လက်ချိုးရေလို့ပင်ရသည်။မောင်က မျက်ဝန်းပြာလေးကိုစကားတွေအများကြီးမပြောရဲ၊ စိတ်ရှုပ်သွားမှာစိုးလို့ဖြစ်သည်။မောင်မပြောတော့ မျက်ဝန်းပြာလေးကပိုဆိုးသည်။ထိုသို့ဖြင့် နှစ်ယောက်ကြားမှာတိတ်ဆိတ်နေတတ်တာကများပြီး၊ မောင် မျက်ဝန်းပြာလေးကိုခိုးခိုးကြည့်နေတတ်တာကလည်းများပါသည်။
ဒီနေ့မှာတော့ ကံတရားကမျက်နှာသာပေးမှုကြောင့် မောင်တစ်ယောက် မျက်ဝန်းပြာလေးနှင့်အတူစာကြည့်တိုက်ထဲမှာရောက်နေတာဖြစ်သည်။ကံတရားကမျက်နှာသာပေးလို့ဆိုတာထက် မောင့်ဘာသာကံတရားကိုလုပ်ယူလိုက်တာဆိုပိုမှန်လိမ့်မည်။မျက်ဝန်းပြာလေးက စာကြည့်စရာရှိလို့ စာကြည့်တိုက်သွားတာကို မောင်ကမတော်တဆလှမ်းတွေ့လိုက်ပြီး သူ့အတန်းတက်ချိန်ကိုဖျက်လိုက်ကာ မျက်ဝန်းပြာလေးဘေးနားမှာလာနေတာဖြစ်သည်။
မျက်ဝန်းပြာလေးက သူ့ဘေးနားမှာမောင်ရောက်နေတာကို ဘယ်လိုလဲ၊ဘာလဲ တစ်ခွန်းမှမမေးပါ။သူ့စာသူသာလုပ်နေသည်။နှင်မထုတ်တာပဲ တော်သေးသည်ဟုဆိုရမည်။သို့ပေမယ့်လည်း မောင်ကတော့ဝတ္တရားမပျက် စကားတစ်ခွန်းစ၊နှစ်ခွန်းစပြောပေးရပါသည်။
"စာစီစာကုံးရေးမလို့လား အစ်ကို"
စာစီစာကုံးစာအုပ်တွေဖတ်နေတာမို့ မေးလိုက်မိတာဖြစ်သည်။
"အင်း၊ မင်းအတန်းက"
"ကျွန်တော်စိတ်မပါလို့"
မောင့်စကားကို ဪ ဟုသာတုန့်ပြန်ပြီးသူ့စာသူပြန်ဖတ်နေသည်။မောင်လည်းစကားများပြီးမနှောင့်ယှပ်ချင်တာမို့အသံတိတ်လိုက်ချိန်မှာ
BẠN ĐANG ĐỌC
မောင့်မျက်ဝန်းပြာ (COMPLETED) မောင့်မျက်ဝန်းပြာ