အပိုင်း(၂၀)

860 12 0
                                    


လေးလေးနှင့်စကားကောင်းနေသည့်အချိန်မှာပဲ မျက်ဝန်းပြာလေးကအခန်းထဲကိုပြန်ရောက်လာသည်။

"ပြပေးခဲ့ပြီ"

"အိုခေ ဘေဘီ"

မောင့်ဘေးမှာ မျက်ဝန်းပြာလေးကဝင်ထိုင်ပြီး စားပွဲပေါ်ကဝီစကီပုလင်းကိုယူကာ ခွက်ထဲထည့်ပြီး ရေခဲနှင့်စပ်နေသည်။ချစ်ရသူရဲ့လှုပ်ရှားမှုတိုင်းကို မောင်ကတော့ဘေးကနေ လက်ကိုမေးထောက်ပြီးပြုံးပြုံးကြီးငေးနေလိုက်ပါသည်။

မောင်တို့နှစ်ယောက်ရဲ့ဘေးနားမှာတော့အဖွဲ့ကျနေကြတဲ့ လူသုံးယောက်ရှိသည်။

"ကိုယ့်နာမည် မင်းခေါင်ချုပ် ပါ"

မင်းခေါင် စတင်မိတ်ဆက်လိုက်တော့ ကောင်လေးနှစ်ယောက်ကခေါင်းလေးတညိမ့်ညိမ့်ဖြင့်

"ကျွန်တော့်နာမည် သူရနိုင်ပါဗျ"

"ကုဋေစိုး ပါ"

"အင်း ဒါဆိုကိုယ်တို့ခင်သွားပြီပေါ့"

"ဟုတ်ကဲ့ လေးလေး၊ ဟုတ်ကဲ့"

သူရနိုင် ဆိုတဲ့ကောင်လေးက ပြာပြာသလဲပြန်ပြောလာပေမယ့် ကုဋေစိုး ဆိုတဲ့ကောင်လေးကတော့ မင်းခေါင် ကိုခေါင်းလေးသာညိမ့်ပြသည်။အရက်ခွက်ကိုဇိမ်ဖြင့်သောက်နေပုံက အတင်းကိုလူကြီးလိုလုပ်ယူနေတဲ့ပုံစံပင်။ပါးကဖြင့်ပေါက်စီလုံးကျနေတာပဲ ဟက်!

"လေးလေး ကျွန်တော်မေးချင်တာလေးရှိလို့"

မင်းခေါင် ခေါင်းညိမ့်ပြလိုက်တော့ သူရနိုင် ဆိုတဲ့ကောင်လေးကဆုံးဖြတ်ချက်ရဲရဲချလိုက်သည့်ပုံစံဖြင့် မင်းခေါင် ကိုကြည့်ကာ

"လေးလေး ဒီကလပ်ကိုဘာရည်ရွယ်ချက်နဲ့ဖွင့်တာလဲဗျ"

"ဘာကိုမေးချင်တာလဲ ကောင်လေးရ"

"ဟို ကျွန်တော်ဆိုလိုချင်တာက လေးလေးကgayတစ်ယောက်မို့လို့ ဟို အာ မပြောတတ်တော့ဘူး"

ခေါင်းတွေကုပ်နေတဲ့ကောင်လေးကိုကြည့်ကာ မင်းခေါင်ချုပ် ရယ်လိုက်မိပါသည်။မေးချင်တာကိုဘယ်လိုမေးရမှန်းမသိဖြစ်နေပုံက ရယ်ချင်စရာ။မျက်လုံးမှေးမှေးကလည်းကျုံ့ထားတော့ အရာလေးသာကျန်တော့သည်။

မောင့်မျက်ဝန်းပြာ (COMPLETED) မောင့်မျက်ဝန်းပြာDonde viven las historias. Descúbrelo ahora