အပိုင်း(၂၃)

2.1K 137 11
                                    

"ကိုကို ဘာစားမလဲ၊ ကြိုက်တာပြောနော်"

"သားညှို့ ကြိုက်တာပြောလေ၊ လေးလေးကအဝကျွေးပြီးမှပြန်ခိုင်းမှာနော်"

မျက်ဝန်းပြာလေးရှေ့မှာ မီနူးကဒ်ကြီးချပေးပြီး တူဝရီးနှစ်ယောက်သား မျက်ဝန်းပြာလေးကို အစားစားရန်တိုက်တွန်းလိုက်ကြသည်။

"ဟုတ်၊ ကျေးဇူးပါ"

မီနူးကဒ်ကိုကြည့်နေတဲ့ မျက်ဝန်းပြာလေးကို မောင်တင်မကဘဲ လေးလေးကပါပြုံးကြည့်နေပါသည်။ဒီလိုပါပဲ မျက်ဝန်းပြာလေးကိုတွေ့ပြီးတဲ့လူတိုင်းကသဘောကျသွားကြတာပဲ။မောင့်မျက်ဝန်းပြာလေးကတကယ်ကို အချစ်ခံလေး။ဒါကြောင့်လည်း မောင့်မှာချစ်မဝဖြစ်နေရတာ။

"မောင် ပင်လယ်စာနဲ့တည့်လား"

"တည့်တယ် ကိုကို"

"ဒါဆို ပင်လယ်စာဟော့ပေါ့စားရအောင်"

"ဟုတ် စားလေ၊ လေးလေး ပင်လယ်စာဟော့ပေါ့တဲ့"

"ဟုတ်ပြီ၊ သားတို့နှစ်ယောက် ခဏပဲစောင့်နော်"

လေးလေးကပြောပြီး စားဖိုဆောင်ထဲဝင်သွားပါသည်။

"ကိုကိုတွေ့တယ်မလား၊ မောင့်လေးလေး ဘယ်လောက်သဘောကောင်းတယ်ဆိုတာ"

"အင်း၊ အသက်ဘယ်လောက်ရှိပြီလဲ"

"လေးလေးအသက်လား"

"အင်း"

"သုံးဆယ့်တစ်ပြည့်တော့မယ်ဗျ"

"တော်တော်နုတယ်နော်"

"ဟုတ်တယ်နော် ကိုကိုလည်းအဲ့လိုပဲထင်တယ်မလား၊ မောင့်လေးလေးကဥစ္စာပေါ ရုပ်ချောလေး"

လေးလေးအကြောင်းဂုဏ်ယူဝင့်ကြွားစွာဖြင့်ပြောလိုက်တော့ မျက်ဝန်းပြာလေးကပြုံးသည်။မောင်မြင်ဖြစ်အောင်ကိုမြင်လိုက်တာပေါ့။မျက်ဝန်းပြာလေးပြောဖူးသလိုပဲ သေချာပေါက် ချစ်လို့ပြုံးတဲ့အပြုံးလေးဖြစ်သည်။

"ကိုကို့ရဲ့လေးလေးလေ သူကရုပ်ရှင်မင်းသားကျနေတာပဲနော်၊ သူ့ပုံစံကလုံးဝမိုက်တယ်၊ ရုပ်ကလည်းတော်တော်ဖြောင့်တယ်"

ဒါဟာ မောင်မြှောက်ပင့်ပြီးပြောလိုက်ခြင်းမဟုတ်ပါ။အမြင်ကိုအမြင်အတိုင်းပြောလိုက်ခြင်းသာဖြစ်သည်။

မောင့်မျက်ဝန်းပြာ (COMPLETED) မောင့်မျက်ဝန်းပြာDonde viven las historias. Descúbrelo ahora