Unicode
"Taehyung ဟိုမှာ မင်းဘဲကြီး.."
နှစ်ယောက်အတူတွဲလျှောက်လာရင်းမှ Jimin က အနားသို့ကပ်လာပြီး လက်မောင်းကို တံတောင်ဖြင့် လှမ်းတွတ်ရင်း နှစ်ကိုယ်ကြားရရုံ ခပ်ကြိတ်ကြိတ်ပြောကာ မျက်စလှမ်းပစ်ပြသည်
ကြည့်တယ်ဆိုရုံလေး မသိမသာ ကြည့်လိုက်တော့ မြင်နေကျအတိုင်းပါပဲ
အပေါ်အမဲ အောက်အမဲ.. မျက်နှာတစ်ဝက်လောက်အထိအုပ်အောင် ဆောင်းထားသော ခပ်ဝိုင်းဝိုင်းဦးထုပ်.. အောက်က mask.. ဘွတ်ဖိနပ် ခပ်ကြီးကြီးတွေအထိ ခေါင်းအစ ခြေအဆုံး တစ်ကိုယ်လုံးကို မဲမှောင်နေသည်
ကျနော်တို့နှစ်ယောက်နှင့် မလှမ်းမကမ်းတွင် ကားကို ခပ်လျှောလျှော မှီပြီး လက်ပိုက်ကာ ရပ်ကြည့်နေသည်
Jimin လက်ကို ဆွဲကာ မမြင်ချင်ယောင်ဆောင်ရင်း ခပ်သွက်သွက် လျှောက်လာခဲ့လိုက်သည်
"ငါ ကူစောင့်ပေးရမလား"
စောင့်နေကျ နေရာကိုရောက်တော့ လာကြိုနေကျ ကားကမရောက်သေး
"ရပါတယ် မင်းကို လာကြိုနေပြီပဲကို ပြန်လိုက်ပါ"
ဆယ်လှမ်းလောက်အကွာတွင် Jimin ကို လာကြိုနေကျ ကားအဖြူရောင်လေးက ရောက်နေပြီဖြစ်သည်
"တကယ် အဆင်ပြေလို့လား"
"ပြေတယ် ရတယ်"
လှုပ်စိလှုပ်စိ ပူးပူးကပ်ကပ် လျှောက်နေသည့် နှစ်ယောက်
မျက်စိထဲတွင်တော့ ဆွယ်တာအကျီၤလက်ရှည် အညိုရောင်လေးနှင့် စတိုင်ပင် အညိုရောင်လေး ဝတ်ဆင်ထားပြီး နက်မှောင်နေသော ဆံသားပျော့ပျော့လေးတွေ ယိမ့်နွဲ့အောင် တလှုပ်လှုပ်နှင့် လျှောက်နေသော ဘေဘီ့ကိုသာ ကွပ်မြင်နေသည်
ဘောင်းဘီအိတ်ကပ်ထဲ လက်ထည့်ရင်း ခြေလှမ်းမှန်မှန်ပင် တစ်လှမ်းချင်း လျှောက်လှမ်းကာ နောက်ကလိုက်ခဲ့လိုက်သည်
ဘေးက ကောင်လေးက ဘေဘီ့ကို ဘာတွေကပ်ပြောနေသည်မသိ ကြည့်ရပုံအရတော့ သူ့သူငယ်ချင်းကို တစ်ယောက်တည်း ထားခဲ့ရမှာ စိတ်မချဘဲ စိတ်ပူနေပုံသည်
