part 1

28.2K 313 4
                                    

ရမ္မက်နွံ

Part 1

ဝိညာဥ်ချုပ်ငြိမ်းသွားပြီ ဖြစ်သော ဖခင်၏ အုတ်ဂူရှေ့တွင်
မိန်းကလေး တစ်ယောက် ငြိမ်သက်စွာ ရပ်နေလေသည်။
ဝမ်းနည်းပူဆွေးနေပေမဲ့ သက်သေဖြစ်သော မျက်ရည်စတို့က
စီးကျမလာခဲ့ပါ။ သူမအတွက် ဖခင်သည်  လောက၍တစ်ဦး
တည်းသော ဆွေမျိုးဖြစ်ပြီး တစ်ဦးတည်းသော တွယ်တွာစရာပင်။
ဖခင်ဖြစ်သူသည် သူမအတွက် ဘာကောင်းကျိုးမှဆောင်ရွက်
ပေးခဲ့ခြင်းမရှိသလို အမြဲတမ်းဒုက္ခသာပေးတတ်သည်။ ချစ်ခင်
ခြင်း ဂရုစိုက်ခြင်းဆိုသည်မှာ ဝေးလေစွ။ ဤဖြစ်ရပ်သည်
ထိုမိန်းကလေးအဖို့ ငိုရခက်ပျော်ရခက်ပင်။ ထိုမိန်းကလေးကား
အသက် ၂၁အရွယ်ရှိ ' သူယောင်မယ် "ဆိုသော မိန်းကလေးပင်။
သူယောင်မယ် သည် နံမည်နှင့်လူနှင့် လိုက်အောင် သိပ်ကို
လှသည်။ သိပ်ကိုထက်မြတ်သည့် မိန်းမငယ်ဆိုလည်း
မှားစရာ မရှိ။

" မမလေး အိမ်ကလူတစ်စု လာပြီး သောင်းကျန်း
နေပါတယ် မမလေးကို တွေ့ချင်တယ်လို့လဲ
ပြောနေတယ် "

" ကံဆိုးမသွားရာ မိုးလိုက်လို့ရွာ ဆိုတာ ဒါမျိုးကို
ပြောတာဖြစ်မယ် အိမ်ကိုပြန်ကြတာပေါ့ "

သူယောင်မယ် တို့မိသားစုသည် မိဘမျိုးရိုးလိုက်
ချမ်းသာခဲ့သော်လည်း ဖခင်ဖြစ်သူ ဦးမြင့်မိုရ်
လက်ထပ်တွင် Company လည်း ဒေဝါလီခံလိုက်ရပြီး
လက်ဝတ်ရတနာ ဆိုင်လည်း အသိမ်းခံလိုက်ရသည်။
ဦးမြင့်မိုရ် ကွယ်လွန်သွားလေတော့ သူယောင်မယ် ရဲ့
ပိုင်ဆိုင်မှုသည် လက်ရှိနေနေသော အိမ်နှင့်ကားသာ
ကျန်ရှိခဲ့တော့သည်။

" ရှင်တို့ ဘယ်သူတွေလည်း ဒီအိမ်ကနာရေးအိမ်နော်
ရှင်တို့ထင်တိုင်းကျဲလို့ရတဲ့ ဇရပ်မဟုတ်ဖူး "

"ဦးမြင့်မိုရ်ရဲ့သမီး သူယောင်မယ် ဆိုတာ မင်းလား "

" ဟုတ်တယ် သူယောင်မယ် ဆိုတာကျွန်မပဲ "

" မင်းကနံမည်နဲ့လူနဲ့ လိုက်သားပဲ ဟေ့ကောင်တွေ
ရပ်လိုက်တော့ ဒီမိန်းကလေးကို အကိုလေးဆီ
ခေါ်သွားကွာ ကျန်တဲ့ကိစ္စငါရှင်း လိုက်မယ် "

" ဒီမှာ ရှင်တို့ဘာတွေလာပြောနေတာလည်း ကျွန်မကရော
ဘာလို့ သူတို့နောက်ကို လိုက်သွားရမှာလဲ "

ရမ္မက်နွံWhere stories live. Discover now