Part 1

931 43 2
                                    

"ဟာ...ဗိုလ်မှူး...ရောက်နေပီ..ဟေး...အားလုံး မြန်မြန် တန်းစီကြ..မင်းတို့ကလဲ နှေးကွေးနေတာပဲ့"

"ဟာ..မြန်မြန်.."

မျှော်စင်တိုင်မှ စစ်သားတစ်ယောက်ရဲ့အော်သံကြောင့် စခန်းထဲက စစ်သားတွေ ရုတ်ရုတ်သဲသဲဖြစ်ကာ တန်းစီရန်ပြင်ကြသည်။ ဆိုးလ်မြို့အစွန်းက တောစပ်တစ်နေရာမှာ သူပုန်တွေပေါတယ်ဆိုလို့ သူတို့စခန်းချကာ နားနေကြတာဖြစ်သည်။အစိမ်းရောင်စစ်ကားနဲ့ ဆိုးလ်ကနေတာ၀န်ကျတာ စခန်းဆီသို့ တလှိမ့်လှိမ့် မောင်းလာသောသူ။သူဆိုသည်မှာ ကိုးရီးယားစစ်ရေးတစ်ခွင် လျှမ်းလျှမ်းတောက် စစ်ဗိုလ်တွေထဲကတစ်ယောက်ဖြစ်သလို ရုပ်ရည်ရူပကာပြည့်စုံလွန်းလို့လဲ ပျိုတိုင်းကြိုက်တဲ့နှင်းဆီခိုင်လေးဖြစ်သည်။စည်းကမ်းတင်းကျပ်ပြီး စိတ်ကြီးသူ၊သွေးအေးသူ၊ဗိုလ်ချုပ်မှူးကြီးတို့ပြီးလျှင် ဒုတိယသြဇာရှိသူကသူ ဖြစ်တာမို့ သူ့ကိုဆို တပ်သားတွေဖိတ်ဖိတ်တုန်အောင်ကြောက်ကြသည်။

"ဗိုလ်မှူးဂျွန်ဂျောင်ဂု..."။အ‌ေမကသူ‌ေမွးတည်းက ဆုံးသွားရှာသည်။အဖေဗိုလ်ချုပ်နဲ့ကမတည့်။ဖတဆိုးသား‌ေလး။ငယ်ငယ်လေးတည်းက သေနတ်ပစ်တာ ဝါသနာပါသည်။ခေါင်းမာသည်။ဖြစ်ချင်တာကို မဖြစ်ဖြစ်အောင် လုပ်တတ်သည်။ဒေါသထွက်လာရင် ပါးစောက်ကို လျှာထိုးသည်က သူ့အကျင့်တစ်ခု။ခုလဲသူတာ၀န်ကျတဲ့နေရာလေးက သူပုန်တွေကျက်စားရာနယ်မြေဆိုလို့ သူပျော်သွားတာ။

"အားလုံး....အလေး..ပြု"

"ဘယ်လိုလဲ...အခြေအနေ"

ဂျောင်ဂု ကားပေါ်မှ ဆင်းကာ တပ်ကြပ်တစ်ယောက်ကို မေးလိုက်သည်။

"ဟုတ်...ခုထိတော့ အဆင်ပြေနေပါတယ် ဗိုလ်မှူး ..ညကျရင် သူတို့ တစ်နေရာ ထွက်ဖို့ရှိတယ်လို့ကြားထားပါတယ်"

"အိုကေ...အားလုံးသတိရှိရှိနေကြ...ငါ တရေး‌ေလာက်အိပ်လိုက်အုံးမယ်"

"ဟုတ် ...ဗိုလ်မှူး"

ဂျောင်ဂု တဲတစ်ခုထဲ၀င်သွားတော့ တပ်သားတွေအလေးပြုကာ ကိုယ့်နေရာကိုယ်သွားကြသည်။

"အာ...ခုမှပဲ့ နားရတော့တယ်....ဒီမှာက မဆိုးဘူးပဲ့..ဂျောင်ကျတဲ့နေရာဆိုတော့ ကြိုက်တယ်"

Dear Jeon💌 (Completed)Where stories live. Discover now