"ထယ်ယောင်း...ဗိုလ်မှူးဂျွန်နဲ့က အသိတွေလား"
"ဟုတ်တယ်လေ....ဒီကို သူပဲ့ခေါ်လာတာ"
"အော်....ကျွန်တော် ဗိုလ်မှူးဂျွန်ကို သိပ်အားကျတာဗျ...အရည်အချင်းလဲရှိသလို..သတ္တိလဲသိပ်ကောင်းတာ....ပီးတော့ ထယ်ယောင်းကိုလဲ အားကျတယ်...ကျွန်တော် သူနဲ့ခင်ချင်လို့ အကြိမ်ကြိမ်ကြိုးစားခဲ့ဖူးတယ်..မအောင်မြင်ဘူးဗျ....."
"ဟုတ်လား....ဂျောင်ဂုက အဲလောက်ထိတော့မဟုတ်ပါဘူး...."
"ထယ်ယောင်း မသိလို့ဖြစ်မှာပါ.....ဒါနဲ့ေလ ထယ်ယောင်းလို နာမည်ကြီးမျိုးက ရန်သူရှိတယ်ဆိုတော့ ထူးဆန်းနေတယ်...အဲဒါ...ကျွန်တော်လဲ သိလို့ရမလား...အကူအညီများ ပေးနိုင်မလားလို့"
"အင်း...ဒါက နည်းနည်းတော့ ရှုပ်တယ်...နောက်ကျအားရင်ပြောပြမယ်လေ ..ခုတော့ ထမင်းစားကြရအောင်..."
"ဟုတ်ကဲ့....များများစားနော်"
"အင်း..."
ညနေ ထမင်းစားချိန်ဖြစ်လို့ ထယ်ယောင်းတို့ ထမင်းစားဆောင်မှာ ထမင်းတွေခူးကာ ထမင်းစားနေကြသည်။ဂျောင်ဂုကတော့ လုပ်စရာရှိသေးလို့ နောက်မှ စားမည် ပြောလို့ ထယ်ယောင်း ဘိုဂမ်နဲ့အတူ ထမင်းစားဆောင်မှာ ထမင်းစားနေသည်။ထမင်းစားပီးတာနဲ့ တပ်ထဲက ပန်းခြံထဲမှာ ေလညင်းခံရင်း စကားတွေအများကြီးပြောကြသည်။ ခနကြာတော့ နှုတ်ဆက်ကာ ကိုယ့်နေရာကိုယ်ပြန်ကြသည်။ထယ်ယောင်း အခန်းထဲမ၀င်ခင် ဂျောင်ဂု အခန်းကိုတစ်ချက် ငေးကြည့်သည်။တံခါးကပွင့်နေသည်မို့ အခန်းထဲချောင်းကြည့်တော့ စာရင်းစာရွက်တွေစားပွဲပေါ်ပြန့်ကျဲလို့ ကွန်ပျူတာတစ်လုံးနဲ့ အလုပ်ရှုပ်နေသည့် ဂျောင်ဂုကို တွေ့သည်။
"ဂျောင်ဂု.....ငါ၀င်ခဲ့မယ်ေနာ်"
"အင်း"
ထယ်ယောင်း ခွင့်တောင်းကာ ဂျောင်ဂု ဆီလျှောက်လာသည်။ အနားရောက်တော့
"ဂျောင်ဂု....ထမင်းစားပီးပီလား"
"ဟင့်အင်း.....မစားသေးဘူး..."
ကွန်ပျူတာကိုသာ အာရုံစိုက်ပီး ထယ်ယောင်းမေးတာဖြေနေသည်။
YOU ARE READING
Dear Jeon💌 (Completed)
Romance"ကိုက စစ်သားတစ်ယောက်ပါယောင်း...ကိုတို့ စစ်သားတွေက နိုင်ငံနဲ့လူမျိုးအတွက် အသက်နဲ့လဲပီး ကာကွယ်ပေးဖို့ အဆင်သင့်ဖြစ်နေတဲ့ သူတွေပါ...ယောင်း ကို့ကို မချစ်ပါနဲ့...ယောင်းပင်ပန်းရလိမ့်မယ် ...ယောင်း ခံစားရလိမ့်မယ်...တောင်းပန်ပါတယ်...." ဗိ...