"ဟေးး..မင်းတို့ဘယ်သူတွေလဲ ..လွှတ်စမ်း..ငါ့ကို ခုလွှတ်.…"
လက်နောက်ပြန်ကြိုးတုပ်ခြင်းခံရပီး ဗလတောင့်တောင့် ယောက်ျားနှစ်ယောက်က ဟိုတစ်ဖက် ဒီတစ်ဖက် မ ကာ ဆွဲခေါ်ခံရတဲ့ ထိုလူ။ကုမ္ပဏီသွားဖို့ ကားမောင်းထွက်လာရင်း .လူသူရှင်းတဲ့.လမ်းမှာ မီးပွိုင့် မီးနီ လို့ ခန ရပ်ထားတုန်း...အမည်မသိ ယောက်ျားနှစ်ယောက် ရဲ့ အတင်း အဓမ္မဆွဲခေါ်တာခံလိုက်ရသည်။လွှတ်မြောက်ဖို့ ရုန်းသော်လည်း အားမမျှတာမို့ ပါးစပ်က အော်ရင်းသာ ပါလာသည်။ထိုယောက်ျားနှစ်ယောက် ကသူ့ကို ကားထဲ ဆွဲထည့်ကာ တစ်နေရာဆီကားမောင်း သွားသည်။
"ငါ့ကို လွှတ်လို့ ပြောနေတာမကြားဘူးလား...မင်းတို့ ဘယ်ကကောင်တွေလဲ ..ဘာလိုချင်လို့လဲ"
"အဖိုးကြီး...ခများ ပါးစပ်ကို ပိတ်လိုက်ရင် ကောင်းမယ်..မဟုတ်ရင်တော့ ဒီမှာမြင်လား"
လက်ထဲက သေနပ် ပြကာ ပြောတော့ ငြိမ်ကျသွားသည်။ကားက လူသူ တိတ်ဆိတ် တဲ့ နေရာတစ်ခုက အိမ်အိုလေးတစ်လုံးရှေ့ရောက်သွားသည်။ကားရပ်ကာ သူတို့အားလုံးဆင်းပီး ထိုအိမ်အိုထဲ ဆွဲခေါ်သွားသည်။
"တောင်း..တောင်းပန်ပါတယ်..ငါ့ကို လွှတ်ပေးပါ...မင်းတို့ ဘာလိုချင်လို့လဲ..မင်းတို့ တောင်းတာငါပေးပါမယ်..ငါ့ကိုလွှတ်ပေးကြပါဟာ...ဟင့်.."
ကြိုးတုပ်ခံရတဲ့ ထိုလူ ကြောက်စိတ်၀င်ကာ ငိုယို တောင်းပန်နေတော့သည်။
"အော်...ရောက်လာပီလား..စီအီးအို..ချွဲမင်ဝူး..ကြိုဆိုပါတယ်ဗျ"
"မင်းက ဘယ်သူလဲ...ငါ့ကိုသိလို့လား..ငါမင်းကိုမသိဘူး...ငါ့ကို ဘာလုပ်ချင်နေကြတာလဲ..လွှတ်ပေး"
သူ့ရှေ့စီးကရက် ဖွာရင်း ထိုင်ခုံပေါ်ထိုင်ကာ ပြောနေသော ချွဲမင်ဝူးကို ထိုလူ ပြောသည်။ထိုလူက တခြားသူမဟုတ်..ချွဲမင်ဝူးနဲ့ နာမည်တူ Top 1 စီအီးအို ပင်ဖြစ်သည်။ချွဲမင်ဝူးက သူနဲ့နာမည်တူဖြစ်နေတာကို နည်းနည်းတော့သဘောမကျဖြစ်ရသည်။ပိုဆိုးတာက Top 1 တဲ့..…။အတ္တ လောဘ သိပ်ကြီးတဲ့ ချွဲမင်ဝူး အတွက် ထိုလူက အပြစ်မရှိဘဲ အပြစ်လုပ်ထားသလိုဖြစ်နေမိသည်။အသက်က သူ့ထက် သိပ်ကြီးသည်ဆိုပေမယ့် သူဂရုမစိုက်ပေ။ပြိုင်ဘက်လို့ပဲ့ သတ်မှတ်ထားသည်။ဒါကြောင့်လဲ ချွဲမင်ဝူးက သူ့ကို ဖမ်းခေါ်ခိုင်းရတာဖြစ်သည်။ချွဲမင်ဝူး သူ့ရှေ့ရောက်လာတဲ့ ထိုလူကို ဒူးထောက်ထိုင်ချစေကာ ပြောလေသည်။
YOU ARE READING
Dear Jeon💌 (Completed)
Romance"ကိုက စစ်သားတစ်ယောက်ပါယောင်း...ကိုတို့ စစ်သားတွေက နိုင်ငံနဲ့လူမျိုးအတွက် အသက်နဲ့လဲပီး ကာကွယ်ပေးဖို့ အဆင်သင့်ဖြစ်နေတဲ့ သူတွေပါ...ယောင်း ကို့ကို မချစ်ပါနဲ့...ယောင်းပင်ပန်းရလိမ့်မယ် ...ယောင်း ခံစားရလိမ့်မယ်...တောင်းပန်ပါတယ်...." ဗိ...