"ရောက်လာကြပီလား...လာ ..ဒီမှာလာထိုင်""ဟုတ်ကဲ့..ဒေါက်တာ...ဗိုလ်မှူးဂျွန်က လေညှင်းခံထွက်တယ် ထင်ပါတယ်..."
"အင်း...လာ...ဒဏ်ရာလေးတစ်ချက် ကြည့်မယ်"
ဆွန်းဝူပြောတော့ ဒေါက်တာဆောင်း ခေါင်းငြိမ့်ပြရင်း ဂျောင်ဂုကို ကုတင်ပေါ် လှဲခိုင်းသည်။ဆွန်းဝူလဲ ဂျောင်ဂုကို ကုတင်ပေါ်အသာလေး တွဲခိုရင်း လှဲစေသည်။ဒေါက်တာဆောင်း လက်အိတ်စွပ်ကာ အကျီကြယ်သီးေတွဖြုတ်ရင်း ပတ်တီးစည်းထားတဲ့ ဂျောင်ဂုရင်ဘတ်က ဒဏ်ရာကို တစ်ချက်ကြည့်ပီး ပတ်တီးတွေငြင်ငြင်သာသာဖြုတ်ပေးသည်။
"အာ...ဂျောင်ဂု..မင်းဒဏ်ရာက တစ်ခုခုနဲ့ ထိမိထားသေးလား"
"အင်း...နည်းနည်းတော့ ထိမိထားတယ်"
"ဂရုစိုက်မှပေါ့ ...ဂျောင်ဂုရယ်...ဒီပုံစံအတိုင်းဆက်ဖြစ်နေမယ်ဆို ..ဆေးရုံမှာပဲ့ မင်း တသက်လုံး နေရလိမ့်မယ်"
"အင်း..ကျွန်တော် ဂရုစိုက်ပါမယ်.."
"အင်း..အာ့ဆို....ငါ ဆေးထည့်ပေးမယ်..."
ဒေါက်တာဆောင်း ပြောပီး အရက်ပြန် ဗူးတွေ ဆေးပုလင်းတွေယူကာ သေချာလေးထည့်ပေးနေသည်။ဆေးထည့်နေရင်း ဂျောင်ဂု ထယ်ယောင်းအခြေအနေ သိချင်တာနဲ့ မေးသည်။
"အဟမ်း.....ဒါနဲ့လေ ..ဒေါက်တာ"
"အင်း.."
ဆေးထည့်ရင်း တန်းလန်းပဲ့ ဒေါက်တာဆောင်း ဖြေနေသည်။
"ဟိုလေ..ထယ်ယောင်း အခြေအနေ ရော..ဘယ်လိုရှိလဲ"
"အင်း..လောလောဆယ်တော့ အားလုံးအဆင်ပြေအောင် လုပ်ပေးထားပါတယ်..သူသတိပြန်လည်လာမှာတော့ စောင့်ကြည့်ရမှာပဲ့.."
"သူ့အခြေအနေက အစာအဆိပ်သင့်တဲ့ အခြေအနေ ဖြစ်သွားတာလား ဒေါက်တာ"
"အင်း..ဟုတ်တယ်..သူစားမိတဲ့ မုန့်တွေမှာ အဆိပ်တွေပါနေတယ်.."
"ဟုတ်လား...ဧကန္တ ဒါက ရည်ရွယ်ချက်ရှိရှိလုပ်ကြံမှုဖြစ်တယ်ဆိုတာ ...ဒေါက်တာ တွေးကြည့်ဖူးလား....."
"တွေးတော့ မတွေးမိဘူး..ဒါပေမယ့် ..မင်း ပြောတော့လဲ ထင်ချင်စရာပဲ့..."
YOU ARE READING
Dear Jeon💌 (Completed)
Romance"ကိုက စစ်သားတစ်ယောက်ပါယောင်း...ကိုတို့ စစ်သားတွေက နိုင်ငံနဲ့လူမျိုးအတွက် အသက်နဲ့လဲပီး ကာကွယ်ပေးဖို့ အဆင်သင့်ဖြစ်နေတဲ့ သူတွေပါ...ယောင်း ကို့ကို မချစ်ပါနဲ့...ယောင်းပင်ပန်းရလိမ့်မယ် ...ယောင်း ခံစားရလိမ့်မယ်...တောင်းပန်ပါတယ်...." ဗိ...