Part 20

384 24 0
                                    

"ဒဏ်ရာက သက်သာလား...နေရထိုင်ရတာ အဆင်ပြေရဲ့လား..."

"......."

"နာမည်က ဂျွန်ဂျောင်ဂု..ဟုတ်ပါတယ်နော်.."

".........."

"အော်...ဟုတ်ပါတယ်ဒေါက်တာ...ဂျွန်ဂျောင်ဂုပါ..."

ဒေါက်တာ ဆောင်း က ထယ်ယောင်း ဆီ ဆေးစစ်ပီး နောက် ဂျောင်ဂု အခြေအနေ ကြည့်ရန် အခန်းထဲ ၀င်ကာ ‌ကုတင်ပေါ်ထိုင်နေတဲ့ ဂျောင်ဂုကိုကြည့်ကာပြောသည်။ဂျောင်ဂု မေးတာကိုပြမ်မဖြေ ပေတေတေ လုပ်နေသည်မို့ ဂျောင်ဂုအစား ဘေးနားရပ်နေတဲ့ ဘိုဂမ်က ဖြေပေးနေရသည်။

"ဒါနဲ့ လူနာက စကားမပြောတတ်ဘူးလား"

"မဟုတ်ပါဘူး ..ဒေါက်တာ..သူ စကားပြောတတ်ပါတယ်..."

"ဒါဆို လူနာက ဘာဖြစ်နေတာလဲ....ကြည့်ရအောင် ကုတင်ပေါ် လှဲအိပ်လိုက်ပါ"

ဒေါက်တာဆောင်း နားကျပ်လေးတပ်ကာ ပြောတော့ ဂျောင်ဂုလဲ ကုတင်ပေါ်လှဲချလိုက်သည်။‌ေဂျာင်ဂုရဲ့ နှလုံးတွေ ဗိုက်တွေ သွေခုန်နှုန်းတွေ ကို အချက်ကျ ကျ စမ်းနေသည်။

"အားလုံးနီးပါး..အိုခေနေပီပဲ့....မနက်ဖြန်တစ်ရက်လောက်ဆက်နေရင်တော့ ကောင်းပါပီ...ဆေးတွေ စုံရဲ့လား ထပ်စစ်ကြည့်ချင်လို့ ကျွန်တော့ကိုပြပေးနိုင်မလား"

"ကျွန်တော် ဆေးမှန်အောင် သောက်ပါတယ်..စိတ်မပူပါနဲ့...စစ်မနေနဲ့တော့"

"ဗျာ"

မျက်နှာသေကြီးနဲ့ ခပ်အေးအေး ပြောလိုက်တဲ့ ဂျောင်ဂုကြောင့် ဒေါက်တာဆောင်းတစ်ယောက်ကြောင်တောင်တောင်ဖြစ်သွားရသည်။

"ရှိပါတယ်ဗျာ...ကျွန်တော် ယူပေးပါမယ်...."

ဘေးနားက ရပ်နေတဲ့ဘိုဂမ်ပြောကာ ‌အ‌ေလာတကြီး ဆေးထုတ်တွေ ရှာကာ ပေးသည်။

"ဒီမှာပါဗျာ....ဗိုလ်မှူးဂျွန်ကြောင့် စိတ်အနှောင့်အယှက်ဖြစ်မိသွားရင် တောင်းပန်ပါတယ်နော် ...သူက ရုတါတရက်ကြီး ဒဏ်ရာရသွားတယ်ဆိုတော့လဲ အဲလိုကဖြစ်တတ်တယ်မလား"

"အင်း...ဖြစ်တတ်ပါတယ်"

"ဟုတ်ကဲ့...."

ဟူး....တော်ပါသေးရဲ့...မဟုတ်ရင်တော့ ....မလွယ်ဘူး

Dear Jeon💌 (Completed)Where stories live. Discover now