Part 18

384 23 0
                                    

"ဆွန်းဂျင်....အစ်ကို ဆွန်းဂျင်...ရှီး"

"အော်...ဂျီမင်နီး.."

"ထယ်...ထယ်ယောင်း ဓါးထိုးခံရတယ်ဆို..အဲတာ သူဘယ်အခန်းမှာလဲ"

"ဟိုဖက်အခန်း......"

ထိတ်ထိတ်ပျာပျာ ပြေးလာနေသော ဂျီမင်လေး။ ‌ထယ်ယောင်းရှိမယ့် အခန်းတွေပတ်ရှာရင်း ဆွန်းဂျင်တို့နဲ့ တွေ့သည်။ထယ်ယောင်းအခန်းမေးတော့ ဆွန်းဂျင် ဘေးအခန်းဆီ လက်ညိုးထိုးပြသည်။

"ဒါနဲ့ အစ်ကိုတို့ကရော ဒီကိုဘယ်လိုလုပ်ရောက်နေကြတာလဲ ....စစ်သားတွေလဲ ရောက်နေကြပါလား မဟုတ်မှ ..ထယ်ယောင်း လုံခြုံရေးလား.."

"မဟုတ်ဘူး....ဂျောင်ဂု..သေနပ်မှန်လို့ လေ....သူ ဒီဖက်အခန်းမှာ..."

"ဘုရားရေ...ဟို...ခပ်ချေချေ ရုပ်ချောချောနဲ့ ဗိုလ်မှူးကိုပြောတာလား"

"ဟုတ်တယ်..."

ဆွန်းဂျင် ပြောတော့ ဂျီမင်လဲ ဂျောင်ဂု အခန်းထဲ လှည့်ကြည့်လိုက်သည်။

"သူအဆင်ပြေရဲ့လား...ဘယ်လိုဖြစ်ရတာလဲ.."

"ဒီလိုပါပဲ့....တိုက်ပွဲမှာ မထင်မှတ်ဘဲ သေနပ်မှန်သွားရတာပါ..စိတ်မပူပါနဲ့ ..သူကသန်မာပါတယ်..မကြာခင်နိုးလာမာပါ.."

"အင်း..အဲလိုပဲ့ ...ဆုတောင်းရမာပဲ့..."

သက်ပြင်းတစ်ချက်ချကာ ဂျီမင်ပြောရင်း ထယ်ယောင်းအခန်းထဲ ၀င်လာသည်။ကုတင်ပေါ် ဆေးပိုက်တွေ ဗိုက်မှာပတ်တီးတွေနဲ့ အိပ်နေတဲ့ သူ့သူငယ်ချင်းကို ဂျီမင်မြင်တော့ ရင်ထဲ မကောင်းဖြစ်ရသည်။ထယ်ယောင်းအမေ က ချွေးစိုနေတဲ့ထယ်ယောင်း နဖူးလေးကို ပုဝါနဲ့ သုတ်ပေးနေသည်။

"အန်တီ...."

"အော်..သား ဂျီမင်..လာလေ"

"ဟုတ်..."

ထယ်ယောင်းအမေခေါ်တော့ ဂျီမင် လဲ ကုတင်နားလျှောက်လာလိုက်သည်။

"ဖြစ်မှဖြစ်ရလေ သူငယ်ချင်းရယ်...ငါတကယ် စိတ်မကောင်းဘူး...မင်းက သိပ်သနားဖို့ကောင်းတာပဲ့..."

"သားထယ်က ...ကြံ့ခိုင်ပါတယ် ဂျီမင်ရယ်....သူမကြာခင်ပြန်ကောင်းလာမှာပါ...သူ့ဆရာ၀န်က သူ့ Hyung ကိုယ်တိုင်မို့လို့လေ.."

Dear Jeon💌 (Completed)Where stories live. Discover now