"အင်း...ဒါလဲ မဆိုးဘူး....နောက်တစ်ခု ပြောင်းကြည့်မယ်"
ဂျောင်ဂု တစ်နေရာမှာ ထိုင်ရင်း online ပေါ်ကနေ အနမ်းပေးတဲ့ခန်းတွေ ရှာသည်။အနမ်းခန်းပါတဲ့ Postတွေ တစ်ခု ပြီး တစ်ခု ကြည့်သည် ။မှတ်သည်။နှုတ်ခမ်းကလဲတစ်ချက်တစ်ချက် ထော်ထော် လာနေသည်ကို သူသတိမထားမိပေ။
"ဖုန်းထဲ ဘာတွေရှာနေတာလဲ ဗိုလ်မှူးဂျွန်...ဗျ"
"ဟေ...ဒီအတိုင်းပဲ့ ဟိုကြည့် ဒီကြည့်..မင်းကရောဘာလုပ်နေလဲ...ကိုယ့်အလုပ်ကိုယ်လုပ်လေ သွား.."
ဂျောင်လေးတစ်ခုထဲ ကျကျနနထိုင်ပီး ဖုန်းကြည့်နေတဲ့ ဂျောင်ဂုကို တပ်သားတစ်ယောက်ကတွေ့တော့ လှမ်းပြောသည်။တစ်ခုခုဆီ အာရုံစိုက်ထားပီဆို ကြားဖြတ်ပြောတာတွေ ဂျောင်ဂုမကြိုက်ပါ။ဒါကြောင့်လဲ သူ မျက်မှောက်ကြီးတစ်ချက်ကြုပ်ပီး ဘောက်ဆတ်ဆတ် အော်တော့ တပ်သားလေးလဲ ကြောက်သွားကာ ရပ်နေရာမှ တစ်ခြားဆီ ပြေးထွက်သွားရသည်။
"ဖုန်းကြည့်နေတာ မမြင်ဘူးလားမသိဘူး...လာလာပြီး အာပြဲကြီးနဲ့ အော်ခေါ်နေတယ်...အယ်..နေပါအူး ငါ က ရော ဘာလို့ဒီနေရာကြီးမှာ ထိုင်နေတာလဲ..."
ဂျောင်ဂု သူ့ကိုယ်သူတောင် နားမလည်နိုင်။သူထိုင်နေတဲ့နေရာက အမှိုက်ပုံး နှစ်လုံးကြား က ကွန်ကရက် ဘောင်ပေါ်ထိုင်နေတာဖြစ်သည်။မြင်ကွင်းကတော့ မြင်ရတဲ့လူအဖို့ ရူးကြောင်ကြောင်ဖြစ်စေသည်။ဖုန်းချည်းအာရုံစိုက်ပြီး လှုပ်ရှားနေတော့ သူသတိမထားမိတာဖြစ်သည်။
"ဘယ်သူမှမမြင်ခင် အမြန်သွားအူးမှ...ငါနှယ် ကင်းစောင့်နေပါတယ်ဆိုမှ ဒီမှာ လာထိုင်နေရတယ်လို့ "
ဂျောင်ဂု ရှက်လာကာ ဘယ်ကြည့် ညာကြည့်ရင်း ဂိတ်တံခါးဖက် လျှောက်လာသည်။
"ဟင်...ဒါက ယောင်း acc ထင်တယ်...ဟေ... followerတွေများလှချည်လား ခု ဆယ် ရာ ထောင် သောင်း သိန်း သန်း ...ဝိုး....တစ်သန်းကျော်တောင်..."
အပေါ်ဆွဲ အောက်ဆွဲ ဂျောင်ဂု ဖုန်းပွတ်နေရင်း ရုတ်တရက် newfeedပေါ်တက်လာတဲ့ ထယ်ယောင်း accကို မြင်တော့ accထဲ ၀င်ကြည့်သည်။မျက်လုံးပြူးမျက်ဆံပြူးကာ တစ်ဝိုးဝိုးဖြစ်နေရသည်။
YOU ARE READING
Dear Jeon💌 (Completed)
Romance"ကိုက စစ်သားတစ်ယောက်ပါယောင်း...ကိုတို့ စစ်သားတွေက နိုင်ငံနဲ့လူမျိုးအတွက် အသက်နဲ့လဲပီး ကာကွယ်ပေးဖို့ အဆင်သင့်ဖြစ်နေတဲ့ သူတွေပါ...ယောင်း ကို့ကို မချစ်ပါနဲ့...ယောင်းပင်ပန်းရလိမ့်မယ် ...ယောင်း ခံစားရလိမ့်မယ်...တောင်းပန်ပါတယ်...." ဗိ...