Part 6

494 33 10
                                    


"ကျစ်.....နောက်ကျ လိုက်တာ ..ဒီစီအီးအိုက အဖိုးကြီးများလား.."

နာရီတစ်ချက်ကြည့်ပီး ဂျောင်ဂု ဒေါသထွက်လာသည်။Kim ကုမ္ပဏီရှေ့ မနက် ကိုးနာရီ အားလုံး ရောက်ရမည် ဆိုလို့ ဂျောင်ဂုတို့ ရှစ်နာရီခွဲတည်းက ကြိုရောက်နေကြသည်။ကုမ္ပဏီရှေ့ အမဲရောင်ကား သုံးစီး ၊ ၀န်ထမ်းတချို့နဲ့ သူတို့ လေးယောက် ရပ်စောင့်နေကြသည်။‌ကြာနေပီမို့ ဂျောင်ဂု နာရီ တစ်ချက်ကြည့်လိုက်သည်။ ကိုးနာရီ တစ်ဆယ်မိနစ် ။ ဂျောင်ဂုက ချိန်းထားတဲ့အချိန် တိကျမှ ကြိုက်တာမို့ ဒေါပွ ကာ မန်နေဂျာဆိုသော ၀န်ထမ်းတစ်ယောက်ကို မေးလိုက်သည်။

"မင်းတို့ စီအီးအိုက ကြာလှချည်လားဟ...အဲလိုပဲ့ အမြဲဖြစ်နေကျလား...ဖုန်းလေးဘာလေးလဲ ဆက်ကြည့်အုံး"

"ဟုတ်...ဟုတ်ကဲ့..."

မန်နေဂျာ က ဖိုင်စာရွက်တွေ တစ်ပုံကြီးကိုင်ထားပီး ဘောင်းဘီအိတ်ထဲ ထည့်ထားတဲ့ ဖုန်းကိုထုတ်ကာ ထယ်ယောင်းဆီ ဖုန်းခေါ်လိုက်သည်။ပုံမှန်ဆို ထယ်ယောင်းက အချိန်တိကျမှ လာတတ်တဲ့သူ။အိမ်က ပါးနဲ့မား ရစ်နေတာကြောင့်နဲ့ ကြာသွားတာ။နောက်ကျနေတယ် ဆိုပြီး သူ့ဆီ ဖုန်းဆက်တာ ထယ်ယောင်းမကြိုက်ပါ။ဒါကြောင့်လဲ မန်နေဂျာ ဖုန်းမဆက်ပဲနေတာပေါ့။ခုက ဗိုလ်မှူးတွေ ဆက်ခိုင်းတာဆိုတော့ ဆက်လိုက်ရသည်။

"ဖြေးဖြေးပေါ့..ဂျောင်ဂုရယ်..ခုမှ ဆယ်မိနစ်လေးပဲ့နောက်ကျတာကို...အားနာစရာတွေဖြစ်ကုန်ပီ"

"မရဘူး လေ ...အစ်ကို ဟိုဆော့ကလဲ...ဒီအချိန်ချိန်းထားရင် ဒီအချိန်လာရမှာပေါ့ ..ကျွန်တော်မှားလို့လား"

"အင်းပါ ..ငါက အားနာနေလို့"

"ဘာမှ အားနာစရာမလိုဘူး အစ်ကိုဟိုဆော့...ကျွန်တော်တို့ အဲလိုပုံစံလုပ်နေရင် ဟို စီအီးအိုက ခေါင်းပေါ်တက်နင်းနေလိမ့်မယ်"

ဂျောင်ဂု ပြောတော့လဲ ဟိုဆော့ ငြိမ်နေလိုက်ရသည်။ဗိုလ်မှူး ကင်မ်ဆွန်းဂျင်နဲ့ ကင်မ်နမ်ဂျွန်ကတော့ ခေါင်းခါနေတော့သည်။ဂျောင်ဂု တို့ လေးယောက်က အစည်းအဝေးပြီးတာနဲ့ လုပ်ရမယ့် အလုပ်တွေတာ၀န်တွေကို ညှိနှိုင်းခွဲဝေယူကြသည်။တစ်ယောက်နဲ့တစ်ယောက်ကလဲ ခင်စရာကောင်းကြတယ်ဆိုတော့ တစ်ခနချင်းပဲ့ သူတို့ ရင်းနှီးကုန်ကြသည်။ယူနီဖောင်းနဲ့မဟုတ်ပဲ့ အရပ်၀တ်နဲ့ စတိုင်ကျကျ ၀တ်ဆင်ထားတာမို့ Smartကျ လွန်းသည်။

Dear Jeon💌 (Completed)Where stories live. Discover now