Part 5

488 35 6
                                    

"ကျစ် ..ဒီစီးပွားရေးလုပ်ငန်းရှင်တွေလဲ နေရာတကာရှုပ်တယ်..."

ဂျောင်ဂု ပြောရင်း ဆက်ဖတ်သည်။

မနက် ကိုးနာရီ ဆိုးလ်ဗိုလ်ချုပ်ရုံးမှာ အစည်းအဝေး ရှိပါသည်.....

"…နေရင်း ထိုင်ရင်း အလုပ်တစ်ခု တိုးသွားပြန်ပီပေါ့လေ..ဒီမှာတောင် မပြီးသေးဘူး ဗိုလ်မှူးလုပ်ရတာ မှားတာပဲ့  ...ကျစ်.."

ဂျောင်ဂု စာရွက် ပြန်ချကာ ကော်ဖီဆက်သောက်နေလိုက်သည်။ညရောက်တော့လဲ တစ်ညလုံး မအိပ်.။.ကင်းလှည့်သည်။တပ်သားတွေက သူတို့လုပ်လိုက်မယ်ပြောတော့လဲ လက်မခံ။မနက် လေးနာရီလောက်မှ အရမ်းအိပ်ချင်လာတာနဲ့

"ရဲဘော်..မနက် ခုနစ်နာရီ ကျ ငါ့ကိုနှိုးပေးအုံး ငါတစ်ရေးလောက်အိပ်မလို့"

"ဟုတ်ကဲ့..ဗိုလ်မှူး ...သွားစရာရှိလို့လားဗျ.."

"ရှိတယ်...အာ့ကြောင့်နိုးခိုင်းတာ"

"နားလည်ပါပီ ဗိုလ်မှူး"

"အင်း...မနက် ခုနစ်နာရီနော် ..မမေ့နဲ့"

ဂျောင်ဂု ပြောရင်းတဲထဲ၀င်အိပ်နေလိုက်သည်။

********

"သား ..US ကို ဘယ်တော့သွားမှာလဲ "

"မနက်ဖြန်ပါ မားမား...အစိုးရရုံးကတော့ ဖုန်းဆက်တယ် ..လူပဲ့ အရောက်သွားရမှာတဲ့ ..ကျန်တာ အကုန်စီစဉ်ထားပီးပီတဲ့ ဘာမှလုပ်စရာမလိုဘူးတဲ့.."

"ဖြစ်ပါမလား သားရယ်..လုံခြုံရေးကရော"

"ဒါလဲ စိတ်မပူပါနဲ့တဲ့ ..အတော်ဆုံး လူတွေ ထည့်ပေးထားမှာမို့တဲ့...လုံခြုံရေးအတွက် အာမခံပါတယ်တဲ့"

"အင်းပါ..ဒါမယ့် အစစအရာရာ ဂရုတော့စိုက်နော်သား"

"ဟုတ်ကဲ့မားမား...ဒါဆိုသား ကုမ္ပဏီ သွားလိုက်အုံးမယ်နော်..မနက်ဖြန်အတွက် တာ၀န်တွေ စီစဉ်ထားခိုင်းမလို့"

"အော် ဒါနဲ့ ..သားတစ်ယောက်တည်းလား..တစ်ခြားလူရော မပါဘူးလား"

"ဂျီမင်ကို ခေါ်ထားတယ် မားမား..သူလဲ ထိပ်သီး တစ်ယောက်ပဲ့လေ.."

"ဂျီမင်လေးပါတော့ အဆင်ပြေတာပေါ့"

"ဟုတ်..အာ့ဆို ..သားသွားပီနော် "

Dear Jeon💌 (Completed)Onde histórias criam vida. Descubra agora