"ဟေး...ဟေး..ဒီမှာ ရဲဘော်ညီလေး"
"ဟုတ်ကဲ့ ဗိုလ်မှူး"
"ဂျောင်ဂု..ဂျောင်ဂုကို ဘယ်ဆေးရုံ ခေါ်သွားတာလဲ"
"ပြည်သူ့ဆေးရုံပါ ဗိုလ်မှူး..."
"အေးအေး..ကောင်းပြီ..ငါ လိုက်သွား လိုက်မယ်..ဒီမှာ ...တစ်ချက် အဆင်ပြေအောင်လုပ်ထားလိုက်.."
"ဟုတ်..."
ဆွန်းဂျင် ဂျက်လေယာဉ်ကို မြေပြင်က တစ်နေရာမှာ ချထားပီး ဒဏ်ရာရာ စစ်သားတွေကို ဟိုးပြေးဒီပြေး ကူညီပေးနေတဲ့ ဆွန်းဝူကို မေးပြီး ဆေးရုံဆီ ကားငှားထွက်လာခဲ့လိုက်သည်။
"ဟေး...ဟေး...လူနာ.....ဘေးကို ဘေးကို"
ဆေးရုံရောက်တော့ လူတွေ ရုတ်ရုတ်သဲသဲ ။သတင်းထောက်တွေရော ကင်မရာသမားတွေရော ရှုတ်ယှက်ခတ်နေကြသည်။ဆွန်းဂျင်ရောက်တော့ ဆေးရုံကွင်းထဲ စစ်ကားတွေအပြည့်။ဂျောင်ဂု အဖေ ဂျွန်အမ်နန်လဲ ရောက်နေသည်။သွေးတွေနဲ့ တွန်းလှည်းပေါ် လဲနေတဲ့ သားဖြစ်သူကိုကြည့်ကာ ဂျွန်အမ်နန် တော်တော်စိတ်ထိခိုက်ခဲ့ရသည်။တွန်းလှည်းလေးက ခွဲခန်းဆီ တရွေ့ရွေ့။သူနာပြုဆရာမ တစ်ယောက်နဲ့ ဘိုဂမ်ရယ်..ဆေးရုံအကူ နှစ်ယောက်ရယ် စစ်သားတစ်ယောက်ရယ် တွန်းလှည်းတွန်းရင်းပါလာသည်။ဂျွန်အမ်နန်နဲ့ ဆွန်းဂျင်လဲ နောက်ကလိုက်လာသည်။
"ဒေါက်တာ...ဒေါက်တာဆောင်း...အရေးပေါ်...လူနာရှင့်"
ခွဲခန်းနားရောက်တော့ သူနာပြုဆရာမလေးတစ်ယောက်က ဆရာ၀န်များနားနေခန်းထဲ လှည့်ကြည့်ကာအော်လာတော့ အသက်ငယ်ငယ် ခပ်ချောချော ဆရာ၀န်တစ်ယောက် ဂျူတီကုပ်၀တ်ရင်း ပြေးထွက်လာသည်။
"လူနာက ဘယ်လိုဖြစ်တာလဲ ဆရာမ..."
"တိုက်ပွဲမှာ သေနပ်မှန်လို့ ဆရာ..."
သေနပ်မှန်ပြီး သွေးထွက်နေတဲ့ နေရာလေးကို လက်နဲ့စမ်းပြီး အိတ်ထဲက နားကြပ်လေးထုတ်ကာ စစ်ဆေးနေသည်။
"တော်သေးတယ်...နှလုံးတည့်တည့် မမှန်လို့ ...နှလုံးက ခုန်နေသေးတယ်....ကဲ..အချိန်မရှိဘူး ..စ လိုက်ကြရအောင်..."
"ဟုတ်"
ခွဲခန်းထဲ ၀င်မည်အလုပ်...ဂျွန်အမ်နန်ပြောလိုက်တဲ့စကားကြောင့် ဒေါက်တာဆောင်း ခြေလှမ်းတွေ ရပ်သွားသည် ။
YOU ARE READING
Dear Jeon💌 (Completed)
Romance"ကိုက စစ်သားတစ်ယောက်ပါယောင်း...ကိုတို့ စစ်သားတွေက နိုင်ငံနဲ့လူမျိုးအတွက် အသက်နဲ့လဲပီး ကာကွယ်ပေးဖို့ အဆင်သင့်ဖြစ်နေတဲ့ သူတွေပါ...ယောင်း ကို့ကို မချစ်ပါနဲ့...ယောင်းပင်ပန်းရလိမ့်မယ် ...ယောင်း ခံစားရလိမ့်မယ်...တောင်းပန်ပါတယ်...." ဗိ...