"မဂ်လာမနက်ခင်းပါ ဗိုလ်မှူး ဂျွန်... နေကောင်းသွားပီလားဗျ.."
"အင်း ကောင်းပါတယ် ဘိုဂမ်"
ဂျောင်ဂု ဆေးရုံက ဆင်းပြီး နောက်နေ့ကျတော့ တာ၀န်ကျတာ ဌာနဆီ သွားသည်။ဂျွန်အမ်နန်က သူ့ကိုထပ်အနားယူဖို့ ပြောပါသေးသည်။သူလက်မခံခဲ့..။ရင်ဘတ်က အနာလေး ကို ဆေးသေချာထည့်ပီး ပိုးမ၀င်အောင် သေချာ အုပ်ထားလိုက်သည်။ထို့နောက် ၀တ်နေကျ ယူနီဖောင်း အဝါလေး ၀တ်ကာ ကားမောင်းထွက်လာခဲ့သည်။ဟိုရောက်တော့ ဆွန်းဝူနဲ့ ဘိုဂမ် သူ့ဆီအပြေးလာပီး နှုတ်ဆက်ကြသည်။
"ကျွန်တော်တို့ ဗိုလ်မှူးရဲ့ မျက်နှာလေးတော်တော်ချောင်ကျသွားတာပဲ့...အော်..ဒါနဲ့ စီအီးအို ကင်မ်ရော နေကောင်းသွားပီလား"
"...."
ရုတ်တရက် ဘိုဂမ်မေးလိုက်တော့ ဂျောင်ဂု မျက်နှာလေး ခက်ထန်သွားသည်။အေကြာင်းသိတဲ့ ဆွန်းဝူ က ဘိုဂမ် ပေါင်ကို တစ်ချက်ကုတ်လိုက်ရင်း ကြားဖြတ်ပြောလိုက်သည်။ကြားထဲ ဘာမှ မသိတဲ့ ဘိုဂမ် က ဆွန်းဝူကို နားမလည်တဲ့မျက်လုံးတွေနဲ့ကြည့်နေရသည်။
"အော်...ဗိုလ်မှူး မနက်စာစားလာပီးပီလား မစားဪသေးရင် ကျွန်တော်တို့နဲ့ တူတူစားရအောင်လေ လာ"
ဆွန်းဝူ ဂျောင်ဂု လက်ဆွဲကာ အထဲခေါ်သွားတော့သည်။အထဲရောက်တော့ ကော်ဖီနဲ့ ကိတ်မုန့်တွေ ချပေးသည်။
"ဗိုလ်မှူး ...စားနော်"
"အင်း"
ဆွန်းဝူ ကော်ဖီထုပ်ဖောက်ကာ ဖျော်ပေးသည်။ကိတ်မုန့်လေး စားကာ ဂျောင်ဂု ငြိမ်နေလိုက်သည်။ဆွန်းဝူ ကော်ဖီဖျော်ပေးပီး တံခါးဖက်လှည့်ကြည့်တော့ သူ့ဆီ လက်လှမ်းခေါ်နေတဲ့ ဘိုဂမ်ကို တွေ့သွားသည်။ဂျောင်ဂု ကတော့ ကျောပေးထိုင်နေသည်မို့ မမြင်ရပေ။
"အစ်ကို..လာပါအုံး.."
မထွက်တထွက်အသံနဲ့ သူ့ကိုလှမ်းခေါ်နေတော့ ဆွန်းဝူ ဘိုဂမ်ဆီ သွားလိုက်သည်။
"ဘာလဲ..ဘာပြောမလို့လဲ"
"လာပါအုံး"
ဂျောင်ဂု ကွယ်ရာ အခန်းထောင့်တစ်နေရာဆီ ဘိုဂမ် ဆွန်းဝူကို ဆွဲခေါ်သွားသည်။
YOU ARE READING
Dear Jeon💌 (Completed)
Romance"ကိုက စစ်သားတစ်ယောက်ပါယောင်း...ကိုတို့ စစ်သားတွေက နိုင်ငံနဲ့လူမျိုးအတွက် အသက်နဲ့လဲပီး ကာကွယ်ပေးဖို့ အဆင်သင့်ဖြစ်နေတဲ့ သူတွေပါ...ယောင်း ကို့ကို မချစ်ပါနဲ့...ယောင်းပင်ပန်းရလိမ့်မယ် ...ယောင်း ခံစားရလိမ့်မယ်...တောင်းပန်ပါတယ်...." ဗိ...