Part 13

370 25 2
                                    

"ဒီနေ့က ...တစ်ပတ်နဲ့ သုံးရက်တောင် ဖြစ်သွားပီ...ဟူး...ငါကလဲ ..တုံး လိုက်တာ...ခုထိ သေနပ်ပစ်တာ တစ်ခုပဲ့...လည်လည်၀ယ်၀ယ် တတ်သေးတယ်...ပြေးတာလဲ မနိုင်..အလေး မ တယ်ဆိုလဲ ပိုဆိုး....မြှားပစ်လဲ ..မကျွမ်းသေး...တိုက်ကွမ်ဒိုတော့ နည်းနည်း တတ်တယ်..ဟင်း...စစ်ရေးလေ့ကျင့်ရတာ မလွယ်ဘူး...ငယ်ငယ်တည်းက လေ့ကျင့်ယူရင် အဲလောက်ခက်မှာမဟုတ်ဘူး...အိမ်ကို လွမ်းလိုက်တာ...ပါးနဲ့ မား အဆင်ပြေနေလား မသိဘူး...ငါ့ဖုန်းလေး ဘယ်ရောက်သွားပီလဲ..ငါ့ဖုန်းလေး....."

ထယ်ယောင်းတို့ မနက်ပိုင်း တိုက်ကွမ်ဒို လေ့ကျင့်ပြီးလို့....နေ့လည် ထမင်းစားချိန် ထမင်းစားကာ အဆောင်မှာ ခနနားနေရင်း ထယ်ယောင်းအိမ်ကိုသတိရလာတာနဲ့ တပ်ထဲ ရောက်ကတည်းက စက်ပိတ်ထားမိသော ဖုန်းလေး ရှာနေသည်။

"အာ..ဒီမှာပဲ့ ..တွေ့ပီ...."

ပြောပြောဆိုဆို ဖုန်းစက်ဖွင့်လိုက်တော့ တစ်တောင်တောင် ၀င်လာတဲ့ message တွေနဲ့ missed call တွေ။

"အများကြီးပါလား...ဘာတွေလဲ....ဂျီမင်ဆီက နဲ့ ပါးနဲ့မားဆီကပဲ့...ဒီတစ်ခုက ဘာကြီးလဲ....စီးပွားရေးသတင်း Page က ဟာပဲ့..ပြိုင်ပွဲက အများကြီးလိုသေးတာပဲ့မလား....."

ထယ်ယောင်း ထို page ထဲ ၀င်ကြည့်လိုက်သည်။ရုတ်တရက် တွေ့လိုက်တဲ့ သတင်းတစ်ခုကြောင့် ထယ်ယောင်း ....မျက်၀န်းအိမ်မှ မျက်ရည်တွေ တွဲခိုလာသည်။တွေ့လိုက်ရတဲ့ အကြောင်းအရာ တစ်ခုက သူ့ရင်ကို အစိမ်းလိုက်ခွဲသလို ခံစားရသည်။

"ဒီလ ...အတွင်း..စီးပွားရေး ဈေးကွက်တွင် လက်ရှိ..စီအီးအို ချွဲမင်ဝူး..ပြန်လည်ဦးဆောင်နေ...။ တရားသော.စိတ်နဲ့ ချွဲမင်ဝူး ပြန်လာပါပြီ....။Top 1 စီအီးအို ချွဲမင်ဝူး..."

အောက်မှာ ချွဲမင်ဝူး ပုံနဲ့ သတင်း‌တွေ ဆောင်းပါးတွေမှာပါလာသည်။ထယ်ယောင်း မျက်ရည်များပင် မထိန်းနိုင်တော့ ။ အခန်းထဲ တစ်ယောက်တည်း ကြိတ်ငိုနေလေသည်။ထယ်‌ေယာင်းက တချို့အရာတွေ သိပ်ဂရုမစိုက်တတ်..။စီးပွားရေးနဲ့ပတ်သက်လာရင်...စိတ်ထိခိုက်လွယ်သည်။စိတ်ရော..လူပါ အပင်ပန်းခံပြီး လုပ်ယူထားတဲ့ ထိပ်သီး ဆိုတဲ့ Top 1 ကို သူတော်တော်တန်ဖိုးထားခဲ့ရသည်။ခုတော့ မဆိုစလောက်ကိစ္စလေးနဲ့ သူ့အမှားလဲ တစ်ခုမှ မပါဘဲနဲ့ ဒီလိုဖြစ်သွားတော့ သူ တော်တော် ခံစားရသည်။အိမ်ကိုလဲ ဖုန်းမဆက်ရဲ..ဂျီမင်ကိုလဲ ဖုန်းမဆက်ရဲပေ။

Dear Jeon💌 (Completed)Where stories live. Discover now