"ကျွန်တော် ပြန်လိုက်အုံးမယ်နော် ဗိုလ်ချုပ်...စခန်းမှာ လုပ်စရာလေး ရှိနေသေးလို့"
"အော်..အေအေ သွားလေ"
လီလီအဖေ ခွင့်ပြုလိုက်တော့ ဂျောင်ဂု အလေးပြုမည်အလုပ် ဂျွန်အမ်နန် ပြောလာသည်။
"ဟေး ..ဂျောင်ဂု ဒါမပြီးသေးဘူးလေ မင်း လူမှုရေးမရှိတာလား"
"ရပါတယ် အမ်နန်ရေ..မင်းသားကို ခွင့်ပြုလိုက်ပါ ဒို့လဲ အိမ်ပြန်ကြရမှာပဲ့လေ သူ့မှာက တာ၀န်နဲ့ဆိုတော့ နားလည်ပေးလိုက်ပါ "
"မဟုတ်ဘူးလေ ဗိုလ်ချုပ် ...သူက"
"ရတယ်လို့...ကဲ ...ဂျောင်ဂု သွားတော့နော်"
"ဟုတ်ကဲ့ပါ.ေကျးဇူးတင်ပါတယ် ဗိုလ်ချုပ်."
မိတ်ဆုံစား ပွဲ အပြီး ဂျောင်ဂု တစ်ယောက် စိတ်ရှုပ်လာတာနဲ့ လီလီ မိဘ တွေဆီ ခွင့်တောင်းကာ အလေးပြုဦးညွတ်ပီး ထွက်လာခဲ့သည်။လမ်းတစ်နေရာ ရောက်တော့ ပူအိုက်လာတာမို့ လမ်းဘေးကားထိုးရပ်ကာ ကားမှန် ချကာ ၀တ်လာတဲ့ အကျီတွေအကုန်ချွတ်လိုက်သည်။အမဲရောင် ကြိုက်သူမို့ ကားထဲအသင့်ပါလာတဲ့ ပေါ့ပေါ့ပါးပါး တီရှပ်အမဲလေးတစ်ထည် ကောက်၀ယ်လိုက်သည်။ရေဆာလာတာနဲ့ ဘေးဘီ ကြည့်လိုက်တော့ ကုန်တိုက်တစ်ခု။ေသာက်စရာတစ်ခုခု၀ယ်ဖို့ ကုန်တိုက်ဆီထွက်လာခဲ့သည်။
"ဟယ်....အဆင်တော့....အဆင်"
"အား....ချောလိုက်တာ ..မိုက်လိုက်တာ"
"ဟယ်..ကမရေ...ကယ်ပါအုံး...ငါ အသက်ရှုရပ်တော့မယ်"
ကုန်တိုက်ထဲက ဆယ်ကျော်သက် မိန်းကလေးေတွေအာ်သံများ။
နာမည်ကြီး ရုပ်ရှင်မင်းသားမဟုတ်ပေမယ့် ဂျောင်ဂုက ရုပ်ရည်ရော Body ပါ ပြီးပြည့်စုံသူဖြစ်သည်။သူ့ကိုမြင်သူ မိန်းကလေးတိုင်းက ကြွေရသည်။ဒါတွေကြောင့် ဂျောင်ဂု စိတ်ရှုပ်လာသည်။"ကျစ်...ရုပ်ချောရတာ ပင်ပန်းလိုက်တာ 🙄"
ဂျောင်ဂု ရေရွတ်ရင်း လူရှင်းတဲ့ တစ်နေရာ သွားလိုက်သည်။ ဘေးနားက ဆိုင်ထဲ၀င်ကာ အမဲရောင် Mask လေးတပ် ဆင်ကာ ထွက်လာခဲ့သည်။
"ခုမှပဲ့ ...နားပူ သက်သာတော့တယ်...ဟူး"
သောက်စရာ အအေးဗူးတွေစီထားတဲ့ ဖက်ကိုသွားလိုက်သည်။အအေးဗူးတွေ တစ်ခုပီးတစ်ခု လိုက်ကြည့် သည်။ အကြိုက်မတွေ့သေးတာနဲ့ တစ်တန်းပြီးတစ်တန်း ကြည့်သည်။ေဘးနားက လူတွေကိုလဲ သူဂရုမစိုက်အား။သူ့အာရုံနဲ့သူ ကြည့်နေသည်။နောက်ဆုံးအတန်းဆီရောက်တော့ စတော်ဘယ်ရီဗူးလေးတစ်ခု သူတွေ့သည်။သူလှမ်းယူလိုက်တော့ တစ်ဖက်ကပြိုင်တူ လှမ်းယူနေသော လက်သွယ်သွယ်လေး။ဂျောင်ဂု မျက်ခုံးကြီး တွန့်ချိုးကာ
YOU ARE READING
Dear Jeon💌 (Completed)
Romance"ကိုက စစ်သားတစ်ယောက်ပါယောင်း...ကိုတို့ စစ်သားတွေက နိုင်ငံနဲ့လူမျိုးအတွက် အသက်နဲ့လဲပီး ကာကွယ်ပေးဖို့ အဆင်သင့်ဖြစ်နေတဲ့ သူတွေပါ...ယောင်း ကို့ကို မချစ်ပါနဲ့...ယောင်းပင်ပန်းရလိမ့်မယ် ...ယောင်း ခံစားရလိမ့်မယ်...တောင်းပန်ပါတယ်...." ဗိ...