"ဒိုင်း....."
"ဖောင်း...."
"ဒိုင်း.....ဒိုင်း....ဒိုင်း ..."
"ကာကွယ်ကြ..ကာကွယ်ကြ..ထယ်ယောင်းတို့ကိုကာကွယ်ကြ ...အားလုံး နေရာယူ..."
"ဒိုင်း...ဒိုင်း...ဒိုင်း"
ထယ်ယောင်းတို့ စီးလာတဲ့ကားလေး အဝေးက တစ်စုံတစ်ယောက် ပစ်လိုက်တဲ့ သေနပ်ကျည်ကြောင့် ဘီး ပေါက်သွားသည်။အဆက်မပြတ် ပစ်နေသော သေနပ် ကျည်တွေကြောင့် ဂျောင်ဂုတို့ သေနပ်တွေကိုယ်စီကိုင်ကာ ကားပေါ်က ဆင်းပီး ဘေးပတ်ပတ်လည်ကြည့်တော့ သစ်ပင် နောက်က ပုန်းပီး ပစ်နေကြသော လူ သုံး လေးယောက် တွေ့သည်။ သေနပ်ပြန်ပစ်ပီး ရန်သူကို ခုခံကြသည်။ထယ်ယောင်းတို့ကို ကားပေါ်က ဆင်းစေပီး ရန်သူ ကွယ်ရာ ကားနံရံဖက်ဆီ ခေါ်သွားကာ ခေါင်းငုံ့ထိုင်နေစေသည်။
"အား....ငါ ....ငါ ..ကြောက်တယ် ထယ်ယောင်း...ငါ..ငါ မသေချင်သေးဘူး ...အား"
သေနပ်သံတွေကြောင့် ဂျီမင် နားနှစ်ဖက် လက်နဲ့အုပ်ကာ ငိုမဲ့မဲ့ ဖြစ်နေတော့သည်။ထယ်ယောင်းလဲ ကြောက်ကြောက်လန့်လန့်နဲ့ပင်။ဂျောင်ဂုတို့ ကိုယ့်ကိုကိုယ် အကာအကွယ်ယူ ကာ တစ်ဖက် ရန်သူကို ခုခံရင်း ထယ်ယောင်းတို့ကိုလဲ အကြိမ်ကြိမ် သတိပေးနေသည်။
"မထနဲ့နော်...မထကြနဲ့...ငြိမ်ငြိမ်လေးပဲ့ထိုင်နေ"
ခနကြာတော့ တစ်ဖက်က ဆက် ပစ်မနေတော့ဘဲ ဆုတ်ခွာသွားကြရင်း တောထဲ ၀င်ပြေးကြသည်။ ဂျောင်ဂုတို့လဲ နောက်က အမှီပြေးလိုက်ကြသည်။
"ဟေး...မပြေးနဲ့...ရပ်စမ်း...."
"အစ်ကိုဟိုဆော့ ..ထယ်ယောင်းတို့ကို ကာကွယ်ပေး"
"အေး..အေး"
ဂျောင်ဂု ပြောတော့ ဟိုဆော့ ထယ်ယောင်းတို့နား ကျန်နေခဲ့သည်။
"ဟေ့ကောင်တွေ..မပြေးနဲ့.. ရပ်လိုက်စမ်း..."
"ဒိုင်း....ဒိုင်း...ဒိုင်း"
"ဗုန်း...."
ဂျောင်ဂု ပစ်တဲ့ သေနပ်ကျည်က တစ်ယောက်ရဲ့ ခြေထောက် တည့်တည့်ဆီ မှန် သွားတော့ ထိုလူ မြေကြီးပေါ် လဲသွားသည်။ကျန်လူတွေ က နောက်လှည့်ကြည့်မနေတော့ဘဲ ကြုံရာ လမ်း ကိုဒုန်းစိုင်း ထွက်ပြေးကြသည်။တစ်ေယာက်ရပီမို့ ဂျောင်ဂုတို့ ဆက်လိုက်မနေကြတော့ဘဲ သေနပ်မှန်ပီး လဲနေသော ထိုလူကို ခေါင်းပေါ်လက်တင်စေကာ ကားဆီ ခေါ်ခဲ့ကြသည်။ကားနားရောက်တော့ ထိုလူ အတင်းရုန်းနေသည်။ ဂျောင်ဂု ထိုလူ လက်နှစ်ဖက် ကိုချုပ်ကာနောက်သို့ ပစ်ထားလိုက်သည်။ ဆွန်းဂျင်က နဖူးတည့်တည့်ဆီ သေနပ် ချိန်ထားသည်။
YOU ARE READING
Dear Jeon💌 (Completed)
Romance"ကိုက စစ်သားတစ်ယောက်ပါယောင်း...ကိုတို့ စစ်သားတွေက နိုင်ငံနဲ့လူမျိုးအတွက် အသက်နဲ့လဲပီး ကာကွယ်ပေးဖို့ အဆင်သင့်ဖြစ်နေတဲ့ သူတွေပါ...ယောင်း ကို့ကို မချစ်ပါနဲ့...ယောင်းပင်ပန်းရလိမ့်မယ် ...ယောင်း ခံစားရလိမ့်မယ်...တောင်းပန်ပါတယ်...." ဗိ...