Part 30

325 20 0
                                    

"ဘာဖြစ်လာတာလဲ ယောင်းရယ်...ဘာလို့ငိုနေတာလဲ..."

"အင့်...ဟင့်..ဟင့်..."

"ကို ..မေးတာ ဖြေအုံး....ဘာဖြစ်လာတာလဲ...ကြည့်ပါအုံး...ကလေးလဲ မဟုတ်ဘဲ တအားငိုထားတယ်...စီအီးအိုကင်မ်ရော ဟုတ်ရဲ့လား..."

"ဘာတွေလာပြောနေတာလဲ..ဟင့်...သူများငိုချင်လို့ငိုနေတာကို လာလှောင်နေတာလား"

"မလှောင်ရဲပါဘူးဗျ...ကဲ...ပြော ...ဘာဖြစ်လာတာလဲ..."

ထယ်ယောင်းကို ရင်ခွင်ထဲက ဆွဲထုတ်ပြီး ဂျောင်ဂု လက်မလေးတွေနဲ့ မျက်ရည်တွေ သုတ်ပေးကာ ပြောသည်။ထယ်‌ေယာင်း‌ေ‌လးက အငိုမတိတ်သေး။ဘေးနားဖြတ်လျှောက်နေတဲ့ ရဲဘော်တွေကတော့ လှည့်ကြည့် လှည့်ကြည့် လုပ်နေကြသည်။

"ဖြေလေယောင်း....သူများတွေဝိုင်းကြည့်နေကြတယ်နော်...မရှက်ဘူးလား...."

"ဟင့်...အင့်...အင့်..."

"အော်...ဒီခလေးနှယ်..ဒုက္ခပါပဲ့...လာ ...ကို တို့ တစ်နေရာ သွားကြရအောင်...."

ဂျောင်ဂုပြောရင်း ထယ်ယောင်းလက်လေးဆွဲကာ ထယ်ယောင်းကို ကားပေါ်တက်ခိုင်းတော့ ထယ်ယောင်း ကားထဲ၀င်လိုက်သည်။ဂျောင်ဂုလဲ မောင်းသူ ခုံမှာ ၀င်ထိုင်ကာ တစ်နေရာဆီ ကားမောင်းထွက်တော့သည်။

"ဒီကို ဘာလို့ခေါ်လာတာလဲ....ဟိုမှာ တွေ့လဲ ရတာပဲ့ဟာ..."

"ပြောစရာရှိလို့ပါ ယောင်းရယ်...ပီးတော့ ယောင်းကို လွမ်းတဲ့အကြောင်းလေးတွေ ပြောပြချင်လို့ ဒီနေရာမှာက လွတ်လပ်တယ်လေ...လှတယ်မလား"

"အင်း...လှပါတယ်...."

ဂျောင်ဂုတို့ ရောက်ခဲ့တဲ့နေရာလေးက ကမ်းစပ်လိုလို ပင်လယ်ပြင်လေးတစ်ခုဖြစ်သည်။နေ့ခင်းချိန်ခါဆိုပေမယ့် နေရှိန်ကသိပ်တော့မပြင်း ..လေဖြူးဖြူးလေးတွေတိုက်လို့ အုံမှိုင်းမှိုင်းလေးဖြစ်လို့နေသည်။ပင်လယ်ပြင်ထဲ ငါးဖမ်းလှေလေး သုံးလေးစင်းတော့ရှိသည်။သောင်ပြင်မှာ ကလေးတစ်သိုက်ဆော့ကစားနေကြသည်။ဂျောင်ဂုတို့ အရိပ်ကောင်းကောင်းရတဲ့အပင်ကြီးတစ်ပင်အောက်က ခုံတန်းလေးမှ ထိုင်လိုက်ကြသည်။

"ကဲ..ပြော..ယောင်း..ဘာဖြစ်လာတာလဲ"

"ယောင်းတောင်းပန်ပါတယ်ဂျွန်...."

Dear Jeon💌 (Completed)Where stories live. Discover now