Part 33

281 26 2
                                    

ဒေါက်...ဒေါက်...ဒေါက်...

"ဟယ်လို...ဂျီမင်ရှီး...ဂျီမင်..အစ်ကို ဂျီမင် ..ဗျ"

"ဟေ...လာပြီ..လာပြီ..."

မနေ့က ည လဲ နက်နေပီမို့ ဂျောင်ဂုတို့ တပ်ဆီ ပြန်ကာ အိပ်လိုက်ကြသည်။ကွန်ပျူတာက ဂျီမင် အိမ်မှာ ဆိုတော့ ထယ်ယောင်းသတင်းကို ဂျီမင်တို့ကို ပဲ့ ကြည့်ခိုင်းထားလိုက်ကြသည် ။ထယ်‌ေယာင်းတို့ မနက်လောက်မှ US ရောက်မှာမို့ မနက်မှ ပြန်လာကြည့်ဖို့ ယွန်းဂီ က မှာလိုက်တာဖြစ်သည်။ယွန်းဂီက ကိုးရီးယား ရောက်တုန်း ဂျီမင်တို့ အိမ်မှာပဲ့ နေသည်။ဂျီမင် မိဘတွေက နိုင်ငံခြားမှာမို့ အိမ်မှာ သူတို့ နှစ်ယောက်သာရှိသည်။ဂျောင်ဂု တပ်ထဲမှာလဲ ထယ်ယောင်းအကြောင်းတွေတွေးရင်း အိပ်မပျော်ခဲ့ပါဘူး။ခုလဲ မနက်အစောကြီး ထယ်ယောင်း ဘယ်ရောက်နေလဲ သိချင်ရတာနဲ့ ဂျီမင်တို့ အိမ်ဆီ သွားခဲ့သည်။အဆက်မပြတ်ခေါ်နေတဲ့ ဂျောင်ဂု ကြောင့် ဂျီမင် နိုးလာပီး အိပ်မှုန် စုတ်ဖွာနဲ့ ပြန်ထူးကာ အောက်ထပ်ဆင်းလာခဲ့သည်။

"အော်....ဗိုလ်မှူး ဂျွန်ဂျောင်ဂု ပဲ့..."

"အင်း..."

"အစောကြီးပါလား...၀င်လာလေ. မနက်စာရော စားပီးသွားပီလား..."

"မစားရသေးဘူး အစ်ကို"

ဂျောင်ဂု အိမ်ထဲ ၀င်လာပီး ကွန်ပျူတာ ဆီ ပြေးသွားခဲ့သည်။

"ထယ်ယောင်းတို့..US ရောက်နေပီပဲ့.....ဟင် ဒါက ဘယ်နေရာလဲ....အစ်ကို ..ဂျီမင်...ဒါ ဘယ်နေရာလဲ သိလား"

"ပြကြည့် ..."

ဂျောင်ဂု ကွန်ပျူတာ ရှေ့ရောက်တော့ ခြေရာခံစက် ကို ရှာသည်။တွေ့ပါပီ...။ခြေရာခံစက်ရှိတဲ့နေရာက US ထဲမှာ ရှိမှန်း သိလိုက်သည်။တည်နေရာကို အနီးကပ် ဆွဲခြုံကြည့်လိုက်တော့ ရှေးဟောင်း အဆောက်အအုံ ပျက်တွေ တွေ့လိုက်ရသည်။ဂျောင်ဂု ထို နေရာကို မသိသည်မို့ ဂျီမင် ကို မေးသည်။ဂျီမင်လဲ မျက်လုံးအစံုကိုလက်နဲ့ ပွတ်ပြီး ကြည့်သည်။

"အမ်...ဒါက ဘယ်လိုနေရာကြီးလဲ...ကြည့်ရတာ ကျောချမ်းစရာကြီး...ယွန်းဂီ သိတယ်ထင်တယ်..ခနလေး ဂျောင်ဂု...ငါ သူ့ကို သွားခေါ်လိုက်အုံးမယ်..."

Dear Jeon💌 (Completed)Where stories live. Discover now