Part 35

334 23 4
                                    

ဒိုင်း........💥

"ဟင်....ဒါ ဟိုဖက်က လာတဲ့ အသံပဲ့...ဂျောင်ဂုတို့ အဆင်ပြေရဲ့လား မသိဘူး...သွားကြည့်ကြရအောင်"

"ဟုတ်ကဲ့..အစ်ကို"

ဆွန်းဂျင်တို့ ဖက်က အကျအဆုံးမရှိ...ရန်သူတွေအကုန် သေနပ်မှန် ကျဆုံးကုန်သည်။လက်နက်ကိရိယာတွေနဲ့ ပစ္စည်းတွေ သူတို့သိမ်းလိုက်ကြသည်။နမ်ဂျွန် ဆွန်းဂျင် ဆွန်းဝူနဲ့ ဘိုဂမ်တို့ လေးယောက် ဘေးနားပတ်၀န်းကျင် ကို စစ်ဆေးကြည့်နေတုန်း ရုတ်တရက်ကြားလိုက်ရတဲ့ သေနပ်သံကြောင့် သူတို့ သေနပ်သံကြားတဲ့ဖက်ဆီ ပြေးသွားကြသည်။သွားရင်း အဆောက်အအုံတစ်နေရာ ရောက်တော့ နံရံကြားပုန်းနေသော ဟိုဆော့ ကို တွေ့လိုက်ကြသည်။ဟိုဆော့နား ဆွန်းဂျင် တိတ်တိတ်လေး သွားပြီး ပုခုံး တစ်ဖက်ကို လက်နဲ့လှမ်းပုတ်လိုက်တော့ ဟိုဆော့ လန့်ကာ သေနပ်ချိန်လိုက်မိသည်။

"အာ့...ငါပါဟ ..."

"အော်...ဟူး...အစ်ကိုကလဲဗျာ...လန့်လိုက်တာ"

"ဟား...ဟား...အူကြောင်ကြောင်နဲ့ မင်းက ဒီမှာ ဘာလုပ်နေတာလဲ ဟိုဖက်ကကောင်တွေ တစ်ကောင်မှ မရှိတော့ဘူး သေပြီ..."

"ဟီး...ရှိမလားလို့"

"ဒါနဲ့ မင်းသေနပ်သံကြားလိုက်လား...ဂျောင်ဂုကရော"

"အော်...သူတို့ ဟိုဖက်မှာ ထင်တယ်...သွားကြမယ်"

သူတို့ အကုန် တစ်နေရာဆီသွားကာ ဂျောင်ဂုတို့ကို ရှာသည်။တိတ်ဆိတ် ခြောက်ကပ်နေတဲ့ အဆောက်အအုံ တစ်ခု။လေတိုးသံတောင်မကြားရတဲ့နေရာတစ်ခုထဲ သူတို့ ရောက်သွားတော့ ခြေသံဖွဖွနင်းကာ တစ်ခန်း၀င်တစ်ခန်းထွက် သူတို့ရှာသည်။ထောင့်စွန်းဆီက အခန်းဖက် ထူးဆန်းသလို ဖြစ်နေတာကြောင့် နမ်ဂျွန် ထိုအခန်းထဲ ၀င်ကြည့်လိုက်သည်။

"ဟင်.....!"

ရုတ်တရက်မြင်လိုက်ရတဲ့ မြင်ကွင်းကြောင့် နမ်ဂျွန်လန့်သွားမိသည်။အ‌ေပါ်ပိုင်းဗလာ နဲ့ မြေပေါ်သတိမေ့မျောနေတဲ့ ဂျောင်ဂု ။သူ့ရှေ့ မျက်နှာချင်း မျက်လုံးမှိတ်ထိုင်နေတဲ့ ထယ်ယောင်း။နမ်ဂျွန် ပါးစပ်အဟောင်းသားနဲ့ ဆက်ကြည့်လိုက်တော့ ထယ်ယောင်းနောက်နားက သွေးအိုင်ထဲ သေနပ်မှန် လဲနေတဲ့ ချွဲမင်ဝူးဆိုတဲ့လူနဲ့ လက်တစ်ဖက် ထဲ သေနပ်ကိုင်ကာ ဒူးထောက် ခေါင်းငိုက်စိုက် ထိုင်နေတဲ့ လီဂန်ဆူ ကို တွေ့လိုက်သည်။

Dear Jeon💌 (Completed)Where stories live. Discover now