"ဂျောင်ဂု....ထ ... မိုးလင်းနေပီ""......"
"ဗိုလ်မှူး ဂျွန် ဂျောင်ဂု....အဲလောက်တောင် အိပ်ပုတ်ရသလား...ဘယ်အချိန် ရှိနေပီလဲ..ထတော့လေ..နိုးနေတာမကြားဘူးလား"
ဒီနေ့ ထယ်ယောင်း လန်းဆန်းနေသည်။မနက်လေးနာရီကတည်းက အဆင်သင့်ပြင်ဆင်ပြီးနေပီဖြစ်သည်။ ပုံမှန် လေ့ကျင့်ခန်းလုပ်ချိန်က မနက် ငါးနာရီပင်။သူ့ကိုက စောလွန်းပါသည်။ထယ်ယောင်း အပြင်ထွက် လေ့ကျင့်ခန်းလုပ် ဖို့ အတွက် အဆင်သင့်ဖြစ်လို့ ထိုင်စောင့်နေတာ နာရီ၀က် တောင်ကျော်နေပါပီ..။ ထယ်ယောင်း စိတ်မရှည်ဖြစ်ကာ ဂျောင်ဂု အခန်းထဲ၀င် အတင်းလှုပ်နိုးတော့သည်။ကိုယ်တော်ချောက စောင်ပုံထဲမှာ အိပ်လို့ကောင်းတုန်း။မနေ့က ရခဲ့တဲ့ ဒဏ်ရာတွေကြောင့်လဲ ပါသည်။သူတော်တော်နဲ့ မထချင်ဖြစ်နေသည်။နံဘေးက မနားတမ်းပွစိပွစိ အော်နေတဲ့ ထယ်ယောင်းကြောင့် သူ မထချင်ဘဲ ထလိုက်ရသည်။
"ဟင်း...အစောကြီးပဲ့ရှိသေးတာကို..အိပ်ရေးတောင် မ၀သေးဘူး...ဝါး....."
အိပ်ရာပေါ်မှာ ငေါက်ကနဲ ထထိုင်လိုက်ကာ တစ်ချက် သန်းလိုက်သည်။မျက်လုံးက မှိတ်တုန်း။
"ဆက်အိပ်မနေနဲ့တော့..ထ..ငါ အဆင်သင့်ဖြစ်ပီ..သွားမယ်"
ထယ်ယောင်းပြောရင်း...ဂျောင်ဂု လက်မောင်းတစ်ဖက် ဆွဲလိုက်တော့
"ဟာ...အဲလိုမလုပ်နဲ့လေ..ဒီတိုင်း တန်းလန်းကြီး..ငါဘာမှ မပြင်ဆင်ရသေးဘူး..ခနစောင့်..ဆယ်မိနစ်"
"ပြီးရော့....တအားမကြာနဲ့"
ထယ်ယောင်း ဂျောင်ဂု လက်မောင်းကို လွှတ်ပေးလိုက်သည်။ေဂျာင်ဂု ကုတင်ပေါ်က ဆင်းကာ လှုပ်တုတ်လှုပ်တုတ်နဲ့ ရေချိုးခန်းထဲ၀င်သွားသည်။အကျီပြောင်အမဲ လက်တိုနဲ့ အဖြူရောင် ဘောင်းဘီတို ကို ၀တ်ထားသည်။ထယ်ယောင်း ကတော့ အားကစား၀တ်စုံအပြာလေး ၀တ်ထားသည်။ခနကြာမှ သူတို့ လမ်းထွက်လျှောက်ကြသည်။ သူတို့ ကွင်းထဲ စ ရောက်လာတော့ လူတစ်ယောက်မှမရှိေသး။သူတို့နှစ်ေယာက်တည်းသာ။အလင်းေရာင်ေဖျာ့ေဖျာ့နဲ့ သူတို့ကြားတဖြူးဖြူးတိုက်ခတ်နေသော လေညင်းလေးသာရှိသည်။တိတ်ဆိတ်လွန်းလှသည်။အချိန်အတော်ကြာအောင်သူတို့စကားမပြောကြ။ထယ်ယောင်း သူ့ကို ဂျောင်ဂုစကားလာပြောမှာ စောင့်နေမိပါသည်။ဂျောင်ဂုကတော့ ခပ်အေးအေးပဲ့ လမ်းလျှောက်နေသည်။ ကြာလာတော့လဲ ထယ်ယောင်းဖက်ကပဲ့ ဂျောင်ဂုကို စကား စ ပြောလာသည် ။
YOU ARE READING
Dear Jeon💌 (Completed)
Romance"ကိုက စစ်သားတစ်ယောက်ပါယောင်း...ကိုတို့ စစ်သားတွေက နိုင်ငံနဲ့လူမျိုးအတွက် အသက်နဲ့လဲပီး ကာကွယ်ပေးဖို့ အဆင်သင့်ဖြစ်နေတဲ့ သူတွေပါ...ယောင်း ကို့ကို မချစ်ပါနဲ့...ယောင်းပင်ပန်းရလိမ့်မယ် ...ယောင်း ခံစားရလိမ့်မယ်...တောင်းပန်ပါတယ်...." ဗိ...