"ဗွမ်း......💦💦💦"
"အ...ဟော..ဟဲ..ဟော.....ဟဲ...ဟ..."
ရုတ်တရက်မျက်နှာပေါ်ပစ်လိုက်တဲ့ ရေတွေကြောင့် မန်နေဂျာလီဂန်ဆူ ရေတွေအသဲအသန်ခါပစ်ရင်း နှိုးလာသည်။
"အ...ဟေ..ငါ့ကို ဘာလုပ်ထားကြတာလဲ..လွှတ်စမ်း ..ကြိုးဖြည်ပေးစမ်း"
ထိုင်ခုံပေါ်မှာ ထိုင်ရင်း တကိုယ်လုံး တင်းကျပ်စွာ တုပ်နှောင်ထားတဲ့ကြိုးတွေကြောင့် သူစိတ်ကျဉ်းကျပ်လာကာ ပြောသည်။ေဘးဘီကြည့်လိုက်ေတာ့ လူသူမရှိတိတ်ဆိတ်လွန်းတဲ့ နေရာတစ်ခု အဆောက်အဦပျက်ထဲ ရောက်နေမှန်းသိလိုက်သည်။ညအချိန်ဖြစ်သည်မို့ မှိန်ပျပျ မီးအိမ်လေးတစ်လုံးသာရှိသည်။သူ့ရှေ့မှာ ဆွန်းဝူနဲ့ ဘိုဂမ် နှစ်ယောက် ရပ်ကြည့်နေသည်။
"နိုးလာပီလား လီ...ဂန်...ဆူ"
"ဟင့်....ဂျွန်ဂျောင်ဂု"
"သိပ်ဟုတ်တာပေါ့ဗျ..ကျွန်တော် ဂျွန်ဂျောင်ဂုပါ....စီအီးအို ကင်မ်ထယ်ယောင်းရဲ့ ကောင်လေးလေ မှတ်မိတယ်မလား"
ရုတ်တရက် သူ့နောက်ကနေ ထွက်လာတဲ့အသံကြောင့် သူလှည့်ကြည့်ချင်သော်လည်းလှည့်လို့မရ။မှိန်ပျပျမီးေရာင်ေအာက်မှာ ဂျောင်ဂုကို သူသေချာကြည့်နေသည်။တဖြည်းဖြည်း သူ့ရှေ့ပေါ်လာတဲ့ ဂျောင်ဂုကြောင့် သူနည်းနည်းတော့ တုန်လှုပ်မိသည်။
"ကြော်ငြာတွေလာ၀င်မနေနဲ့...ငါ့ကို ဘာလုပ်မလို့လဲ..."
"အဟင့်.....ဘာမှတော့မလုပ်ပါဘူး...သိပ်လဲ မစိုးရိမ်ပါနဲ့...လိုချင်တာ ရသွားရင်တော့ လွှတ်ပေးမှာပါ"
ဂျောင်ဂု ပြောနေရင်း ဆွန်းဝူဆီ လှည့်ကြည့်ကာ မျက်ခုံးတစ်ချက်ပစ်ပြသည်။အထှာသိတဲ့ ဆွန်းဝူက အိတ်ကဒ်ထဲမှ ဖုန်းတစ်လုံး ထုတ်လိုက်ပီး အသံသွင်းဖိုင်ကို နှိပ့်ထားလိုက်သည်။
"ဘာလဲ..မင်းတို့ ဘာလုပ်ကြမလို့လဲ...ကယ်ကြပါ..ကယ်ကြပါဗျို့..."
"ဘယ်သူ့ဆီအကူအညီတောင်းနေတာလဲ လီဂန်ဆူ....ဒီနေရာမှာ ငါတို့ကလွဲပီး ဘယ်သူမှမရှိဘူး..ဘယ်သူမှလဲ လာမှာမဟုတ်ဘူး...အော်လေ..ကြိုက်သလောက်အော်"
YOU ARE READING
Dear Jeon💌 (Completed)
Romance"ကိုက စစ်သားတစ်ယောက်ပါယောင်း...ကိုတို့ စစ်သားတွေက နိုင်ငံနဲ့လူမျိုးအတွက် အသက်နဲ့လဲပီး ကာကွယ်ပေးဖို့ အဆင်သင့်ဖြစ်နေတဲ့ သူတွေပါ...ယောင်း ကို့ကို မချစ်ပါနဲ့...ယောင်းပင်ပန်းရလိမ့်မယ် ...ယောင်း ခံစားရလိမ့်မယ်...တောင်းပန်ပါတယ်...." ဗိ...