"ထယ်ယောင်း...ထယ်...ထယ်ယောင်း...!!"
"ဟယ်...ဘာကိစ္စရှိလို့လဲသား"
"အန်တီက....?"
"အန်တီက ထယ်ယောင်းအမေပါ..ဘာကိစ္စရှိလို့လဲဟင်"
"ကျွန်တော် ထယ်ယောင်းကို တွေ့ချင်တယ်ဗျ...သူ ဘယ်မှာလဲ"
"အော်..သူ အခန်းထဲမှာ.. ...ဟေ..အန်တီ ပြောလို့မပြီးသေးဘူးလေ."
ထယ့်မေမေ အပေါ်ထပ် လက်ညိုးထိုးကာ ပြောမလို့ လုပ်တုန်း ဂျောင်ဂု အပေါ်တက်ပြေးသွားသည်။ထယ့်မေမေ တစ်ယောက် အစောကြီးထပီး မီးခိုခန်းမှာ နွားနို့ ကျိုနေတုန်း ခြံရှေ့မှာ အော်သံကြားလို့ နွားနို့အိုးကို ခနချထားကာ အိမ်ရှေ့ထွက်ကြည့်သည်။စစ်ယူနီဖောင်းနဲ့ ကသောကမျော မောကြီးပန်းကြီးနဲ့ ပြေးလာနေသော ဂျောင်ဂု ကို မြင်တော့ ထယ့်မေမေ ခနတော့လန့်သွားမိသည်။စိတ်ထဲမှာေတာ့ ထယ်တစ်ခုခု မကောင်းတာလုပ်ထားလို့ လာဖမ်းတယ်ဆိုတာမျိုးပေါ့။နောက်မှ ဂျောင်ဂုနှုတ်ကပါသားဖြစ်သူရဲ့ နာမည်ကို တရင်းတနှီးနဲ့ခေါ်နေတော့မှ စိတ်အေးသွားရကာ စကားပြောလာသည်။ကောင်လေးက တစ်ခုခုကို စိုးရိမ်နေတဲ့ ပုံပင်...ထယ့်မေမေ မှတ်ချက်ချမိသည်။ ခုလဲ စကားပြောနေတုန်းရှိသေး..အပေါ်တန်းတက်သွားတာပဲ့။
"ထယ်...ထယ်ယောင်း...ထယ်ယောင်း...ထယ်ယောင်း"
ဂျောင်ဂု အပေါ်ရောက်တော့ အခန်းတွေက အများကြီးရှိနေတာမို့ ဘယ်အခန်းက ထယ်ယောင်းအခန်းလဲဆိုတာ မသိတော့ ဟိုအခန်း၀င် ဒီအခန်းထွက်နှင့် အော်ပဲ့အော်နေသည်။ခနကြာမှ အခန်းတစ်ခုက သီချင်းသံတွေဂျောင်ဂုကြားတော့ ထယ်ယောင်းအခန်းဖြစ်မည်အထင်နဲ့ တံခါးဆွဲဖွင့်လိုက်သည်။
"ထယ်ယောင်း...."
".............."
"ထယ်ယောင်း.....ဒါဘာလုပ်နေတာလဲ"
မြင်လိုက်ရတဲ့ မြင်ကွင်းကြောင့် ဂျောင်ဂု ဒေါသပဲ့ ထွက်ရမလား ..၀မ်းပဲ့သာရမလားတောင် မသိတော့။သူ့ရှေ့မှာ ထယ်ယောင်းက ဆိုဖာပေါ်ထိုင်ကာ လက်ထဲမှာလဲ စတော်ဘယ်ရီကိတ်တွေဟိုတစ်ဖက် ဒီတစ်ဖက်ကိုင်ကာ ကိတ်တွေတမြုံမြုံဝါးကာ ပါးဖောင်းဖောင်းလေးနဲ့ BTS သီချင်းတွေထိုင်ကြည့်ေနသည် ။ထယ်ယောင်းရှေ့ကစားပွဲပေါ်မှာလဲ စတော်ဘယ်ရီကိတ်တွေ ဗူးတွေအပြည့်...။
YOU ARE READING
Dear Jeon💌 (Completed)
Romance"ကိုက စစ်သားတစ်ယောက်ပါယောင်း...ကိုတို့ စစ်သားတွေက နိုင်ငံနဲ့လူမျိုးအတွက် အသက်နဲ့လဲပီး ကာကွယ်ပေးဖို့ အဆင်သင့်ဖြစ်နေတဲ့ သူတွေပါ...ယောင်း ကို့ကို မချစ်ပါနဲ့...ယောင်းပင်ပန်းရလိမ့်မယ် ...ယောင်း ခံစားရလိမ့်မယ်...တောင်းပန်ပါတယ်...." ဗိ...